close
Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ဦးကို တော်လှန်ရေးပူးပေါင်းတပ် ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ (ဖေဖော်ဝါရီ ၄ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဖမ်းမိထားသည်ဟု တအာင်းတပ်မတော် (TNLA)နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က အတည်ပြုသည်။

ဖမ်းမိစစ်သုံ့ပန်းနှင့် DPLAရဲဘော် ညီအကိုနှစ်ဦးတွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ဖမ်းမိစစ်သုံ့ပန်းနှင့် DPLAရဲဘော် ညီအကိုနှစ်ဦးတွေ့ဆုံသည့်ရုပ်သံဖိုင်

▪️ဖမ်းမိစစ်သုံ့ပန်းတစ်ဦးသည် DPLAတပ်ဖွဲ့ဝင်၏ အကိုအရင်းဖြစ်ပြီး ညီဖြစ်သူနှင့် တွေ့ဆုံခွင့်ရ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ (ဖေဖော်ဝါရီ ၄ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဖမ်းမိထားသည်ဟု တအာင်းတပ်မတော် (TNLA)နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က အတည်ပြုသည်။

တောင်းခမ်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဖေဖော်ဝါရီ ၄ရက် နံနက်တွင် ဖမ်းမိခဲ့ရာတစ်ဦးသည် DPLAတပ်ဖွဲ့ဝင်တစ်ဦး၏ အကိုဖြစ်သည်ဆိုသော သတင်းအပေါ် DPLF/DPLA တာဝန်ခံ ကိုထွန်းနိုင်က အတည်ပြုပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လျှောက်တဲ့လမ်းချင်းမတူပေမယ့် စစ်မြေပြင်တနေရာမှာ အကိုဖြစ်သူကို အသက်ရှင်လျက် ပြန်တွေ့လိုက်ရတဲ့အခါ ညီဖြစ်သူ DPLA မှ ရဲဘော်တစ်ဦးရဲ့ ရင်တွင်းစကားသံလေး”ဟု DPLF ယနေ့ ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးသည်။

“ပျော်လည်းပျော်တယ် စိတ်လည်းမကောင်းဘူး။ ဒါပေမဲ့ သူအဲဒီလို အသက်ရှင်လျှက်တွေ့ရတာ နည်းနည်း တော်သေးတာပေါ့။ မေးဖော်စကားပြောဖော်ရသေးတယ်”ဟု DPLA ရဲဘော်က ပြောကြားသည်ကို တွေ့ရသည်။

ထို့ပြင် ထိခိုက်မှုအနည်းငယ်ရရှိထားသည့် စစ်သုံ့ပန်းအကိုဖြစ်သူကို ညီဖြစ်သူက ပြုစုနေမှု ရုပ်သံကိုလည်းတွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ DPLA တာဝန်ခံ ကိုထွန်းနိုင်က” ညီအကိုနှစ်ယောက်ရော ကျနော်ရော ကျနော့်ရဲဘော် အရာရှိ အားလုံး စိတ်လှုပ်ရှားနေကြပါတယ်”ဟု အဆိုပါ ညီအကိုနှစ်ဦးစစ်မြေပြင်၌ အသက်ရှင်လျက် ပြန်လည် ဆုံတွေ့ရမှု ဖြစ်စဉ်အပေါ် မှတ်ချက်ပြုသည်။

DPLA ရဲဘော်က အကိုဖြစ်သူ စစ်သုံ့ပန်းနှင့်ပတ်သက်ပြီး တစုံတရာ တောင်းဆိုမှုမရှိဟုလည်း ကိုထွန်းနိုင်က ပြောသည်။

တအာင်းတပ်မတော်(TNLA)က ဦးဆောင်တိုက်ခိုက်နေသည့် တောင်းခမ်းဒေသ တိုက်ပွဲမှာပြင်းထန်နေကြောင်းလည်း DPLAတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လက်နှစ်ဖက်ကိုကြိုးတုပ်ပြီး ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော်(DPLA) ရဲဘော်တစ်ဦးက ဖက်ထားပါတယ်။ ဝမ်းနည်းဟန်ရော၊ ဝမ်းသာဟန်ပါ တစ်ပြိုင်နက်တည်း ပေါ်လွင်နေတဲ့ အကြည့်နဲ့ကြည့်ပြီး ပြန်တွေ့ရတာဝမ်းသာတယ်လို့လည်း DPLA ရဲဘော်ကပြောလိုက်ပါတယ်။

သတင်း

ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး

သတင်း

ပြန်ခေါ်မည်ဟု စစ်ကောင်စီကတိပေးသော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်ဟုဆိုကာ ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဟု စစ်သုံ့ပန်း ပြော

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။