close
Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းစာရင်းပါ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ် ​တောင်ပိုင်းတွင် စစ်သားသစ်စု​ဆောင်းခံရ​သောလူငယ်နှစ်ဦး ၂ ရက်ဆက်သတ်​သေမှုဖြစ်

​သေဆုံးခဲ့​သောလူငယ်ကို ​ဒေသခံများကသယ်​ဆောင်လာစဥ်။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ထပ်ဖြစ်ပြီး ယင်းအမျိုးသားသည် စစ်မှုထမ်းရန် ခေါ်ဆောင်ခံထားရသူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

အောင်ပန်းမြို့၊မင်္ဂလာရပ်ကွက်မင်္ဂလာကန် အရှေ့မြောက်ဘက်စိန်ပန်းပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည့်အမျိုးသားကို ဗုဒ္ဓဟူး​နေ့ ( ​ဖေ​ဖော်ဝါရီ ၅) နံနက်အစောပိုင်း၌ ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

” စစ်မှုထမ်းရမှာကို လူငယ်တွေအရမ်းကြောက်နေကြတယ်။ ဒီကောင်လေးလည်း အဲဒါကြောင့် သူ့ကိုယ်သူ သတ်သေတာလို့ကြားတယ်။ သူ့မိသားစုဝင်တွေကို ရှာဖွေချိတ်ဆက်ပေးအကြောင်းကြားဖို့လုပ်နေကြတယ်” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်ကို မသိရသေးပေ။ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရရှိသေးပေ။

ရွှေညောင်မြို့တွင် စစ်မှုထမ်းစာရင်းပါသည့် လူငယ်တစ်ဦး ဖေဖော်ဝါရီလ ၄ရက်က ကြိုးဆွဲချသေဆုံးပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အလားတူဖြစ်ရပ် မျိုး နှစ်ရက်ဆက်ဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။ ရွှေညောင်မြို့ဖြစ်စဉ်တွင် သေဆုံးသူမှာ အသက်၁၉နှစ်အရွယ်လူငယ်တစ်ဦးဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်မှုထမ်း သွားရမည်ကို သိရှိပြီးနောက် ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်ဆီက စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားများကို စစ်သားစုဆောင်းနေသည်။ ရှေ့တန်းသို့ပါသွားသူများသည် တိုက်ပွဲအတွင်း သေဆုံးမှုများပြားပြီး အသက်မသေသူများသည် မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ခံထားရသည်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက အတင်းအကြပ်ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့ပေါ်တွင် စစ်ကောင်စီနှင့်ပေါင်းပြီး စစ်မှုထမ်းကိစ္စအတွက်အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးရာတွင်ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးတင်လှ(ခ)ဒေါင်းတင်ဆိုသူအား မြို့ပြင်ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Chauk Guerrilla Force - CGF ၏ ဒုတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

အမျိုးသားနဲ့ အမျိုးသမီး ၁၀၀ကျော် ဖမ်းဆီးခံထားရတယ်လို့ ဇီးကုန်းမြို့တိုက်နယ်ပကဖ တာဝန်ခံ ပြော

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များသည် စစ်မှုထမ်းရန်အတွက် လူငယ်များလိုက်လံဖမ်းဆီးပြီး စစ်ကောင်စီအတွက် ပို့ဆောင်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။