close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်မြောက်နေ့အဖြစ် ဖားကန့်မြို့ပေါ်တွင် ဆန္ဒပြ

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်မြောက် ယနေ့ (ဖေဖော်ဝါရီ ၁) နံနက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့၌ မှော်လှည့်သပိတ်အဖွဲ့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြသည်။

သုည/People’s Spring

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်မြောက် ယနေ့ (ဖေဖော်ဝါရီ ၁) နံနက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့၌ မှော်လှည့်သပိတ်အဖွဲ့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြသည်။

ပြည်သူများက “အထွေထွေဖိနှိပ်မှုကို အံတုကြ” ၊ “ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ၊ “စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်” ဆိုသည့် စာသားများကို ကိုင်ဆောင်ပြီး ဖားကန့်မြို့အတွင်း၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

“ဖားကန့်မြို့ပေါ် အပေါ်မှာ စစ်တပ်ရှိတော့ အသံမထွက်ပဲလုပ်ခဲ့တာပါ” ဟု ယင်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် သပိတ်အဖွဲ့ဝင်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် ဖားကန့်မြို့နယ်

ဆက်စပ်သတင်းများ

သတင်း

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြမည်ဟု Milk Tea Alliance Thailand ကြေညာ

သတင်း

နွံကန်ပြိုကျ၍ လူ ၃၀ကျော်သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ စပေါ့ကျေးရွာ၌ ယမန်နေ့(ဇန်နဝါရီ ၃၀ရက်) ညက နွံကန်တစ် ကန်ထပ်ပြိုပြီး လူ သုံးဦးထပ်မံသေဆုံးခဲ့သည်။

သတင်း

ဖားကန့်မြို့နယ်၊ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် တူးဖော်တွေ့ရှိသည့် ရုပ်အလောင်း ၃၁ လောင်းကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်​နေ့ ) သင်္ဂြုလ်မည်ဖြစ်သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ကလေးငယ်လေးဦးနှင့် အမျိုးသမီး ၁၄ဦးအပါအတင် ရုပ်အလောင်း ၃၂လောင်းတွေ့ရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်းလိုက်ပြီဖြစ်သည်။