close
Connect with us

Hi, what are you looking for?

သတင်း

မြို့သာရဲစခန်း နှင့် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ တိုက်ခိုက်

မြို့သာစခန်းအနီးက စားသောက်ဆိုင်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန်ပြင်ဆင်နေသည့် တော်လှန်ရေးရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - တိုက်ခိုက်မှုရုပ်သံမှတ်တမ်း

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်မြေရဲစခန်းသို့ ၁၂ ဘီးယာဥ်များဖြင့် အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့်အတူ ဒရုန်းဗုံးသီး ၂၃ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ်(၁၈၄၄)ဒရုန်းတပ် ရင်းမှ တပ်ရင်းမှူးက လူထုနွေဦးသို့ ပြော သည်။

ဇန်နဝါရီလ ၁၉ ရက်မှ ၂၄ ရက်အထိတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့သာနယ်မြေရဲစခန်း၊ ရဲစခန်းမှ ကျေးရွာများဘက်ထွက်လာသော စစ်ကြောင်းကို ထန်းတပင်ကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် မြို့သာရဲစခန်းသို့ ၁၂ ဘီယာဥ်ငါးစီးဖြင့် ဆက်တိုက်အင်အားဖြင့်တင်းခဲ့ရာ ခန့်မှန်းအင်အား ၄၀၀ ဝန်ကျင်းရှိနိုင်ပြီး ၎င်းတပ်များ ရဲစခန်း၌ရှိနေစဥ် ဒရုန်းများဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၁၈၄၄)ဒရုန်းတပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“စကစ အင်အားတွေ ဝင်ရောက်တာမြို့သာရဲစခန်းဆိုတော့ အဲဒီရဲစခန်းကိုပဲ တိုက်ခိုက်တာခင်ဗျ။ အဓိကတော့ ပင်မဆောင် နဲ့ စကစတပ်တွေနေတဲ့ လိုင်းခန်းနေရာကို တိုက်ခိုက်ခဲ့တာ”ဟု မြို့သာစခန်းတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး အမှတ်(၁၈၄၄)ဒရုန်းတပ်ရင်းမှ တပ်ရင်း မှူးက ရှင်းပြသည်။

တိုက်ခိုက်မှုတွင် ရွေးချယ်ထားသည့် ပစ်မှတ်နေရာများကို ထိရောက်မှုရှိအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရသေးဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများတွင် လက် လုပ် 3kg ဗုံးသီး(၁၇)လုံး၊ လက်လုပ် 1kg ဒရုန်းဗုံးသီး ခြောက်လုံးဖြင့်စုစုပေါင်းဗုံးသီး ၂၃ လုံးကို အောင်မြင်စွာ ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်ခံရပြီးချိန်တွင် စခန်းအနီး စားသောက် ဆိုင်တစ်ဆိုင်ကို ၎င်းတို့အခြေအနေအား တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပို့သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။

“မြင့်မိုရ်ဦး ဘီယာဆိုင်ကို ရှို့တာခင်ဗျ။ မီးငြှိမ်းမယ်ဆိုတာတောင်အငြှိမ်းမခံဘူး။ (စစ်ကောင်စီတပ်)သူတို့ မနေ့က တော်တော်နာလောက်တယ်ဗျ”ဟုအထက်ပါ တပ်ရင်းမှူးက ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်နံ နက် ၁၁ နာရီ ၄၀ ခန့်က မြို့သာရဲစခန်းမှာ အင်အား ၈၀ ခန့်ဖြင့် မြို့သာအရှေ့ရွာ၏ တောင်ဘက် ရထားသံလမ်းအနီးသို့ စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ ပေပါမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိုင်းကွင်းထဲဝင်လာသော စစ်ကောင်စီတပ်သားလေးဦးဒဏ်ရာအပြင်းအထန်ရရှိသွားပြီး မြို့သာဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့-မြင်းက ဖော်ပြထားသည်။

အထက်ပါ မြို့သာရဲစခန်းနှင့် ထန်းတပင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သားများအားတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ်(၁၈၄၄)ဒရုန်းတပ် ရင်းမှဦးဆောင်း၍ မြင်းခြံခရိုင် တပ်ရင်း(၆)၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် ငါန်းဇွန်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။