close
Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်သားစု​ဆောင်းခံရ​သော စစ်သားသစ်များ ကရင်နီပြည်တွင် ရာနှင့်ချီ၍ အလင်းဝင်

စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူများမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူး​ပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

KNDF ဗျူဟာ ၂ ထံအလင်းဝင်လာ​သော စစ်သားသစ် သုံးဦး ကရင်နီပြည်တ​နေရာတွင် မီးလှုံ​နေစဥ်။ဓါတ်ပုံ-KNDF

ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူများမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူး​ပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဖိအား​ပေး၍ စစ်ထဲဝင်ခဲ့ရ​သော စစ်သား သုံးဦးမှာကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ ထပ်မံခိုလှုံ လာကြောင်း KNDF ဗျူဟာ ၂ က ယနေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် ထုတ်ပြန်သည်။

ခိုလှုံလာသူသုံးဦးသည် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းဖြင့် ကရင်နီဒေသသို့ ရောက်ရှိလာပြီးရှေ့တန်း တနေရာမှ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။၎င်းတို့ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ် နဧပြီလတွင် စစ်ကောင်

Public Service Announcement

Public Service Announcement

စီ၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းကိုခံခဲ့ရပြီး ပုသိမ်မြို့တွင် အခြေခံစစ်သင်တန်း ရက်သတ္တပတ် (၁၁)ပတ်ခန့် တက်ရောက်ခဲ့ရသည်။

ထို​နောက် ကရင်နီဒေသ၊ ရှေ့တန်းတနေရာသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်းသိရသည်။ ဘောလခဲ မြို့အခြေစိုက် အမှတ်( ၄၃၀) ခြေမြန်တပ်ရင်း(ခမရ ၄၃၀)သို့ရောက်ရှိပြီး ဇန်နဝါရီလ ၁၆ ရက်​နေ့ကကရင်နီပူးပေါင်းတပ်နှင့်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာခဲ့ကြောင်း အသိပေးသည်။

“စစ်ကောင်စီဘက်က အတင်းအဓမ္မစစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ အတင်းအဓမ္မစစ်မှု ထမ်းစုဆောင်းတာတွေရှိတယ်။အခုဆိုရင် စစ်သင် တန်းတွေပေးတဲ့အပတ်စဥ် ၅ ခု ၆ ခုလောက်ထိပြီးနေပြီ။အဲဒီထဲက အမှန်တကယ်စစ်မှုမထမ်းချင်တဲ့သူတွေရှိတယ်။စစ်ကောင်စီအောက်မှာအမှန်တကယ် စစ်မှုမထမ်းချင်တဲ့သူ၊အတင်းအဓမ္မဖမ်းခံရတဲ့သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်လာတဲ့သူတနေ့တ ခြားများ ပြားလာတယ်။ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဆီပြေးလာတဲ့ အယောက်ရာနဲ့ချီရှိနေပါပြီ”ဟု KNDF တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာ​သော စစ်သားသစ်များ၏ အချက်အလက် အသေးစိတ်ကိုမူ ၎င်းတို့ လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်စဥ်များအတွက် အသိမပေးလို​သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

စစ်တပ်၏ အဓမ္မတပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်ကာ အလင်း ဝင်လာသည့် ဖြစ်စဥ် နိုင်ငံတစ်ဝန်းအများအ ပြားရှိလာနေသည်။

ပြည်သူ့ရင် ခွင်ခိုလှုံရေး အစီအစဥ်မှတဆင့် ၂၀၂၄ ခုနှစ်ကုန်အထိ စစ်ကောင်စီ၏ တပ်သား ၃,၈၇၂ ဦး နှင့်ရဲ ၁၀,၈၈၈ ဦးမှာ ပြည်သူနှင့်အတူ ပူးပေါင်းထားကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမ၌ လုံခြုံရေးတာဝန်ချထားခံရသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခုံလှုံလာကြောင်း မုံရွာခရိုင် တပ်ရင်း(၂၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

တိုက်ပွဲများတွင် ဗိုလ်ချုပ်အဆင့်များပါ လက်နက်ချအညံ့ခံနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးနေကြ​သော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရာရှိ၊ စစ်သည်များသည်ရှေ့တန်းစစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိကြောင်း စစ်သားနှင့်တပ်မိသားစုဝင်များအား ​ပြောကြားခဲ့သည်။

သတင်း

ထိုင်းသို့အလုပ်သွားလုပ်စဥ် ထိုင်းရဲကဖမ်း၍ စစ်​ကောင်စီလက်အပ်သဖြင့် အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူများဖြစ်​နေ