close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ပြည်သူ့စစ် ၃ဦး CDF-ဟားခါးထံ လက်နက်နှင့် အလင်းဝင်လာ

ချင်းဘာသာဖြင့် CDF ဟားခါးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်အလင်းဝင်လာသူများ၏ ဓာတ်ပုံကို ဖော်ပြထားသည်။

(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)
(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ် ၃ဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း CDF-ဟားခါးက သတင်းထုတ်ပြန်သည်။

ချင်းဘာသာဖြင့် CDF ဟားခါးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်အလင်းဝင်လာသူများ၏ ဓာတ်ပုံကို ဖော်ပြထားသည်။

(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)
(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟားခါး CDF)

“ဟားခါးမြို့ပေါ်မှာရှိတဲ့ ပြည်သူ့စစ်ပေါ့ ပြည်သူ့စစ်ခေါ် ပျူစောထီး သုံးဦး ပေါ့။ အဲဒါ တာဝန်မထမ်းဆောင်ချင်တော့လို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်တယ်လို့ အဲဒီ CDF ဟားခါး ထံကနေ သတင်းရရှိတယ်။ သူတို့ သုံးယောက်စလုံး တခါတည်းမလာဘဲနဲ့ ဇန်နဝါရီလ ၃ရက်မှာ တစ်ယောက်၊ ဇန်နဝါရီလ ၆ရက်မှာ တစ်ယောက်ပြီးရင် ဇန်နဝါရီ လ ၇ရက်မှာ တစ်ယောက် အဲဒီလိုမျိုးနဲ့ အလင်းဝင်လာတာဖြစ်ပါတယ်”ဟု ချင်းသတင်းရင်းမြစ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟားခါး CDF)
(ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ထံ စစ်ကောင်စီ၏ ပြည်သူ့စစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟားခါး CDF)

လက်နက်နှင့်အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများကို CDF-ဟားခါးက ဆုငွေပေးအပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ယခင် ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း စစ်ကောင်စီတပ်သားများ CDF ဟားခါးထံ လက်နက်နှင့်အလင်းဝင်ရောက်မှုများ မကြာခဏ ရှိခဲ့သည်။

CDF ဟာခါးသည် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပူးပေါင်းပြီး ဟားခါးမြို့အနီး ဟားခါး-ထန်တလန် ကြားရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ရာ ၂၀၂၄ နှစ်ကုန်ပိုင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့ပြီး အရာရှိများအပါအဝင် စစ်သုံပမ်းများ ဖမ်းမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သတင်း

နိုဝင်ဘာ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအမျိုးသား ၁၆ ဦး၊အမျိုးသမီး လေးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

သတင်း

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ယနေ့(ဇန်နဝါရီ ၈ရက်) နံနက်တွင် KIAက သိမ်းပိုက်နိုင်ပြီဆိုသည့် လူမှုကွန်ရက် သတင်းများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ အတည်ပြုပေးခြင်းဖြစ်သည်။