close
Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်အတွင်း ကချင်နဲ့ ရှမ်းမြောက်မှာ စစ်တပ်လက်ချက်နဲ့ လူ ၁၄၀ ကျော်သေဆုံး

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၂၀၂၄ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ် နဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေလက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၄၀ ကျော် ရှိတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဇန်နဝါရီ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း မိုးမောက်မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်တွေ့ရပုံ (ဓာတ်ပုံ - KHRW/FB)

ဆိုင်းမင်း/People’s Spring

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၂၀၂၄ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ် နဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေလက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၄၀ ကျော် ရှိတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဇန်နဝါရီ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ကနေ ကောက်ယူရရှိတဲ့ အချက်အလက်အရ ၂၀၂၄ ခုနှစ်အတွင်းမှာ စုစုပေါင်းအရပ်သား ဦးရေ ၁၄၂ ဦး သေဆုံးခဲ့တာပါ။

လက်နက်ကြီး ပစ်ခတ်မှု နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုလို အရပ်သားတွေသေဆုံးတာ ဖြစ်ပြီး စစ်ကောင်စီဟာ မြို့တွေနဲ့ အရပ်သားတွေနေထိုင်ရာကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ KHRW က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်အတွင်း ကချင်နဲ့ ရှမ်းမြောက်မှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုအများဆုံးလက ဇူလိုင် ၊ သြဂုတ်နဲ့ ဒီဇင်ဘာလတို့ဖြစ်ပြီး ၃ လအတွင်း အရပ်သား၆၆ ဦး သေဆုံးခဲ့ရပါတယ်။

ဒါအပြင် ဒဏ်ရာရသူ အရပ်သား ၁၆၇ ဦးထိရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူဦးရေဟာလည်း ၂၁၉ ဦး ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းတွင် ရေကြည်မြို့နှင့် ရွှေသောင်ယံမြို့၌ လေယာဉ်ကွင်းငယ်အရေးပေါ် ဆောက်နေသည့်စစ်ကောင်စီက ဟင်္သာတမြို့ရှိ လေယာဉ်ကွင်းကိုလည်း ပြန်လည်ပြုပြင်နေသည်။

သတင်း

ယမန်နေ့ကလည်း တော်လှန်ရေးတပ်များက မြို့ကို ၃နာရီကြာပစ်ခတ်တိုက်ခိုက်

သတင်း

တစ်ရက်တည်း စစ်ကောင်စီ၏ စစ်ကြောင်းသုံးခုအား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်

သတင်း

စစ်​ကောင်စီ က ပြည်တွင်းထုတ်ချက်ဆီဖြစ်သည့်ဓာတ်ဆီများကို( Ron-68)ဟုဆိုကာနေပြည်တော် နှင့် မန္တလေးမြို့ရှိ နိုင်ငံပိုင် စက်သုံးဆီဆိုင်များတွင် စတင်ရောင်းချ​နေသည်။

Facebook