close
Connect with us

Hi, what are you looking for?

သတင်း

ပု​လောစရဖရုံးကို PDF များစီးနင်း၊ စစ်​ကောင်စီတပ်ဖွဲ့ဝင်များထွက်​ပြေးသွားပြီးစာရွက်စာတမ်းနှင့်ကျည်များဖမ်းဆီးရမိ

စစ်​ကောင်စီတပ်ဖွဲ့ဝင်များထွက်​ပြေးသွားပြီးစာရွက်စာတမ်းနှင့်ကျည်များဖမ်းဆီးရမိ

စရဖရုံးမှ သိမ်းဆည်းရရှိခဲ့​သော ကျည်၊ကျည်​ဘောက်၊ စာရွက်စာတမ်းအချို့ ။ ဓါတ်ပုံ- မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

အိမ်သွင်/People’s Spring

ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဖက် ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးအားဝင်ရောက်စီးနင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားသောကြောင့် စာရွက်စာတမ်းနှင့်လက်နက်ခဲယမ်းအချို့သိမ်းဆည်းပြီး ရုံးအားမီးရှို့ဖျက်ဆီးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ပုလောမြို့၊ စရဖရုံးကို ယမန်​နေ့ (ဇန်နဝါရီလ ၆ရက်) ည၁၁နာရီ၁၀မိနစ်တွင် စတင်ပစ်ခတ်ပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။

အဆိုပါရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ၆ချက် ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“အဲဒီရုံးမှာအင်အားနည်းတယ်။ နောက်ပြီး အချိန်မရွေးတိုက်ခိုက်ခံရနိုင်တယ်ဆိုတာသူတို့သိလောက်တယ်။ ဒါကြောင့် မခုခံဘဲပြေးတာ” ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် နီးစပ်သူကပြောသည်။

စရဖရုံးအား ဝင်ရောက်ရှာဖွေရာ သေနတ်ကျည်ဘောက်နှစ်ခုနှင့် ကျည်ဆံ ၁၀၀၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်း၌ တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင်လည်း စစ်ရေးတင်းမာနေသည်။

လောင်းလုံးမြို့နယ်ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီစခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့မှစတင်၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကတိုက်ခိုက်ခဲ့သည်။ စခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီးခမရ (၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုသတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များတိုက်ပွဲပြင်းထန်နေ၍ တနင်္သာရီ -မောတောင်လမ်းပိုင်းကို အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်၊ မွန်၊ တနင်္သာရီနှင့် ပဲခူးဒေသများပါဝင်စုဖွဲ့ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၃ဦး သေဆုံးပြီး ၇၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၄ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို ချင်းညီနောင်နှင့်မဟာမိတ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ အောင်ပွဲရ ရဲဘော်များကို သက်ဆိုင်ရာ ဒေသပြည်သူများက ကြိုဆိုခဲ့ကြသည်။

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ရက်ပေါင်း ၄၀ကျော်ကြာ ဆင်နွှဲခဲ့ရာ မုံရွာခရိုင် တပ်ရင်း ၃က ရဲဘော် ၇ဦးကျဆုံးခဲ့သည်။ အခြား CDF တပ်နှင့်မဟာမိတ်များမှ ရဲဘော်များလည်း ကျဆုံးထိခိုက်ရှိခဲ့သည်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။

Facebook