close
Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်တိုက်ပွဲ PDF ပူးပေါင်းတပ်တိုက်ခိုက်၍ စစ်ကောင်စီတပ် ၆ဦးထက်မနည်းသေ၊ စစ်သုံ့ပန်း တစ်ဦးဖမ်းမိ၊ လက်နက် ၃လက်ရ

မန္တလေးတိုင်း မလှိုင်မြို့နယ်ရှိ ကျေးရွာအချို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအားပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ဟု မြင်းခြံခရိုင်အမှတ်(၈) တပ်ရင်းNatogyi Regional Defence Force (NRDF)က ယနေ့(ဒီဇင်ဘာ ၅ရက်) သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ဖမ်းမိသောစစ်သုံ့ပန်းနှင့် သိမ်းရသောလက်နက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NRDF

ဟန်နွေ/People’s Spring

မန္တလေးတိုင်း မလှိုင်မြို့နယ်ရှိ ကျေးရွာအချို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအားပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ဟု မြင်းခြံခရိုင်အမှတ်(၈) တပ်ရင်းNatogyi Regional Defence Force (NRDF)က ယနေ့(ဒီဇင်ဘာ ၅ရက်) သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂ရက် နံနက် ၁၀နာရီခန့်တွင် မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းနှင့် မဟာမိတ်များ ပူးပေါင်း၍ မလှိုင်မြို့နယ်၊ သုံးတောင်ကျေးရွာနှင့် သရက်ကောင်းပင်ကျေးရွာများရှိ စစ်ကောင်စီတပ်အထိုင်ချ တပ်စွဲထားသောနေရာများအား တပြိုင်တည်းဝင်‌ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲ ၁နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်ကြပ်ကြီး တစ်ဦးအရှင် ဖမ်းမိပြီး G-3အမျိုးအစား သေနက်(၃)လက်နှင့် ကျည်များ သိမ်းရခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသတွင်း PDFနှင့် ပကဖ တပ်များဖြစ်သော မြင်းခြံခရိုင် တပ်ရင်း(၈)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄) တပ်ရင်း(၁၀)၊ မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်း (MHLG – PDF)၊ နွားထိုးကြီးမြို့နယ် ပ.က.ဖ၊ မလှိုင်မြို့နယ် ပ.က.ဖတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဒေသတွင်း စစ်ရေးအခြေအနေများကို မေးမြန်းရန် NRDFထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အနန်းကွင်းဗျူဟာ၌ အင်အား ၂၀၀ ကျော်ကျန်ရှိနေပြီး ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေဟုဆို

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက်သုံးလက်လည်းရရှိခဲ့ကြောင်း မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook