ဟန်နွေ/People’s Spring
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၁၉ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ အသက် (၂၁)နှစ် အရွယ်ရှိ တပ်သား ဇင်မင်းအောင်က လက်နက်၊ ကျည်နှင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ပူးပေါင်းလာခဲ့သည်ဟုဆိုသည်။

Public Service Announcement
MA-1 ၂လက်၊ ကျည်ဘောက် (၈) ခု၊ ကျည် ၂၀၀ ကျော်၊ အီနာဂါ (၁)လုံး နှင့် အီကွေးမင့် (၁) စုံ တို့ ယူဆောင်လာသည့် အဆိုပါတပ်သားကို ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားပြီး ထောက်ပံ့မှု ပမာဏကို ဖော်ပြမထားပေ။
ထို့ပြင် တပ်သား ဇင်မင်းအောင်အား ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ် ပေးခဲ့ကြောင်းလည်း KNUက ထုတ်ပြန်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို KNLA နှင့် ပူးပေါင်းတပ်များက မကြာခဏ တိုက်ခိုက်မှုများ၊ စခန်သိမ်းတိုက်ပွဲများ ဆင်နွှဲလေ့ရှိခဲ့ပြီး ယခုရက်ပိုင်းများတွင်လည်း အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှု ရှိနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။
