ရဲခေါင်/People’s Srig
စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ ပြည်တွင်းစက်သုံးဆီစျေး ဆက်လက်မြင့်တက်နေပြီး ပြင်ပပေါက်စျေး (မှောင်ခိုစျေးကွက်)၌ တစ် လီတာ ကျပ်တစ်သောင်းကျော်အထိ ရှိလာကြောင်း စက်သုံးဆီသုံးစွဲ နေသူများကလူထုနွေဦးသို့ပြော သည်။
စစ်ကောင်စီကစက်သုံးဆီဆိုင်များရောင်းရမည့် ဈေးနှုန်းကို ယမန်နေ့(သြဂုတ် ၁၅ )ညပိုင်းကစ၍ ဓာတ်ဆီ 92 Ron တစ်လီတာ ၂၉၀၀ ကျပ်၊ 95 Ron တစ်လီတာ ၃၀၄၅ ကျပ်၊ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၁၁၅ ကျပ် သို့ စျေးမြင့်တက် သတ်မှတ်ပေးခဲ့သည်ဟု ဆိုသည် ။

Public Service Announcement
ထို့ကြောင့် ယခုတစ်ပတ်အတွင်း၌ ပင် 95 Ron တစ်လီတာ ၁၅၅ ကျပ်၊ 92 Ron တစ်လီတာ ၁၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၁၁၀ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၇၀ ကျပ် အထိ စျေးတက်ခဲ့ခြင်းဖြစ်သည်။
“တစ်ညအိပ်တန်းစီမှ သုံးသောင်းဖိုးလောက်ရနေတာ ဆိုတော့ မထူးဘူးဆိုပြီး အပြင်ကနေ သွားဝယ်လိုက်တာ တစ်လီတာ တစ်ဘူး ၁၁,၀၀၀ ဖြစ်နေပြီ။မဝယ်လို့လည်းမရဘူးလေ ကားမမောင်းတာရပေမယ့် မီးကပါမမှန်တော့ မီးစက်အတွက်
မဖြစ်မနေလိုတော့ ဝယ်ရတာပဲ”ဟု ရန်ကုန်မြို့မှ စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
အခြားမြို့များတွင်လည်း စက်သုံးဆီ တစ်လီတာ ၄၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ပေးနေရကြောင်းလည်း သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးမည်ဟု စစ်ကောင်စီဗဟိုဘဏ် ယမန်နေ့တွင် ထုတ်ပြန်ထားသော်လည်း စက်သုံးဆီ ဆီဆိုင်များတွင် ယနေ့ (သြဂုတ် ၁၆)အထိ တန်းစီစနစ်ဖြင့် ပင် ယာဥ်များဆီဆိုင်သို့ တိုးနေရဆဲ ဖြစ်သည်။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်က တရားဝင်ထုတ်ပြန်ထားသည့် ပြည်ပသွင်းကုန်စာရင်းများအနက် စက်သုံးဆီ အတွက်တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ အနည်းဆုံးဒေါ်လာ ၂ ဘီလီယံ နှင့် သုံးဘီလီယံ ဖိုး ကြား တင်သွင်းရသည်။
စစ်တပ် အာဏာမသိမ်းမီ ပြည်တွင်းစက်သုံးဆီစျေး သည် 95 Ron တစ်လီတာ ၅၁၀ ကျပ်၊ 92 Ron တစ်လီတာ ၄၀၄ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄၅၀ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ် သာရှိခဲ့သည်။ထိုကြောင့် လက်ရှိ ဈေးများ နှင့် နှိုင်းယှဥ်လျင် ၃ နှစ်ကျော်အတွင်း အနိမ့်ဆုံး ၆ ဆ ကျော်ဈေးတက်လာခဲ့ခြင်းဖြစ်သည်။
