ဇေအောင်/People’s Spring
မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး မှန်လုံယာဥ်တစ်စီး တိမ်းမှောက်ပျက်စီးသွားကြောင်း သတင်းရရှိသည်။
သြဂုတ် ၉ရက် နံနက် ၁၁ နာရီခန့်က မုံရွာမြို့မှထွက်လာသော စစ်ကောင်စီယာဥ် ၄စီးအနက် အင်အားအများအပြားပါသော မှန်လုံကားအား မြင်းမူမြို့အဝင် တိုးဂိတ်အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu(DK-PDF MMU)အဖွဲ့က ပြောသည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် မှန်လုံကားတိမ်းမှောက်သွားပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း DK-PDF MMU)အဖွဲ့က ဆိုသည်။
“ကားအပျက်ကိုလမ်းမှာပဲထားခဲ့ လိုက်တာ။ လူတွေကိုပဲ ကဲ့(သယ်)သွားတယ်။ သင်တန်းသားတွေလည်းပါတယ် ပြောတယ်။ ကားကတော့ခရီးသည်ကားကို ချောဆွဲလာတာ။”ဟု Moe Nyo Revolution force MNRF အဖွဲ့၏ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။
ထို့အပြင် G3 ကျည်ဘောက်တစ်ခု၊ G3 ကျည် ၈၇ တောင့်နှင့် ကျည်ကာအချို့ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu(DK-PDF MMU)ကဦးဆောင်၍ Moe Nyo Revolution force MNRF အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
