Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့အနီး လေကြောင်းတိုက်ခိုက်မှု ပြည်သူ ခုနစ်ဦးသေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၊ဖယောင်းတောင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ခူနစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

ဖယောင်းတောင်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY_PDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၊ဖယောင်းတောင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ခူနစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၆ရက်) ည ၁၂နာရီခန့်က ပုသိမ်ကြီးမြို့နယ် ၊ဖယောင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မန္တလေး PDFက အသိပေးသည်။

ပုသိမ်ကြီးမြို့နယ်သည် မန္တလေးနှင့် (၅)မိုင်အကွာခန့်တွင်ရှိပြီး ပုသိမ်ကြီးနယ်အတွင်းရှိ စစ်ကောင်စီစခန်းအချို့ကိုလည်း မန္တလေး PDFက သိမ်းပိုက်ရရှိထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ပြောင်ကျကျ ကျူးလွန်နေသည်ဟု မန္တလေး PDFက ထပ်မံအသိပေးသည်။

အလားတူ မတ္တရာနှင့် စဥ့်ကူးမြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ သုံးရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရကာ နေအိမ်များ၊ စာသင်ကျောင်းနှင့်ပုဂ္ဂလိကဆေးရုံပါထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ