Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီပေါတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ သံဃာတစ်ပါးနှင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံး

ကွတ်ခိုင်ကို ထပ်မံလေကြောင်းတိုက်ခိုက်ရာ လူထိခိုက်မှုမရှိဟု TNLA အသိပေး

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၆ရက် ညနေပိုင်းတွင် စစ်ကောင်စီက သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ ရေလယ်ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိ သံဃာတော် တစ်ပါးနှင့် အမျိုးသမီး တစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ရပြီး သံဃာတော် တစ်ပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့(ဩဂုတ် ၇ရက်) နေ့လယ်တွင်လည်း စစ်ကောင်စီက ကွတ်ခိုင်မြို့ကို လေကြောင်းက ထပ်မံ လာရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို ဩဂုတ် ၅ရက်ကလည်း ဖျက်အားပြင်းဗုံးများ သုံး၍ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိကာ စျေးဆိုင်ခန်း ၄၀၀ ကျော်၊ နေအိမ် ၁၀လုံးထက်မနည်း ပျက်စီးခဲ့ဟု TNLAက အသိပေးသည်။

ယနေ့တွင် စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး အသုံးပြု၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း လူသေဆုံးထိခိုက်မှုမရှိဘဲ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLA ဦးဆောင်သည့် မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့များကို သိမ်းပိုက်ခဲ့ပြီး ကိုးကန့်တပ်(MNDAA)နှင့် မဟာမိတ်များက လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ရာ စစ်ရှုံးနေသည့် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကွတ်ခိုင်၊ သိန္နီ၊ လောက်ကိုင်၊ နမ့်ဆန်မြို့နယ်များသို့လည်း လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ