Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာတွင် PDFများ လမ်းပိုင်းစစ်ဆေးစဉ် တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDF ရဲဘော်များ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဥ် ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တောင်သာ ပကဖဝင် ရဲဘော်များအား ဇွန်လအတွင်းတိုက်ပွဲတစ်ခု၌ တွေ့ရစဥ်။ ဓာတ်ပုံ-File Video

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDF ရဲဘော်များ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဥ် ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၃ရက် နံနက် ၆နာရီခန့်က တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မြင်းခြံခရိုင်တပ်ရင်း (၃)တို့ပူးပေါင်းပြီး မြင်းခြံ -တောင်သာ လမ်းပိုင်းအား ရှောင်တခင် စစ်ဆေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့စစ်ဆေးနေစဥ် တောင်သာမြို့မှ စစ်ကောင်စီစစ်ကြောင်းထွက်လာရာ ၎င်းတို့နှင့် မီတာ ၇၀ခန့်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပျူစောထီးတစ်ဦးလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲကြာချိန်၁ဝ မိနစ်ခန့်ပဲ ကြာတယ်ဗျ။၃ကောင်ကတော့ မျက်မြင်ကျသွားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် တောင်သာမြို့မြောက်ဘက် ကျောက်ခွဲစက်အတွင်း၌ နေရာယူထားသော စစ်အုပ်စုဝင်များအား ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာထိခိုက်မှုရှိကြောင်း တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က မြင်းခြံ – တောင်သာလမ်းပေါ်ရှိ ဆိုင်ကယ် ၅စီးနှင့် ပြည်သူပိုင် မြေဆီရုံတစ်ခုအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

တောင်သာပကဖသည် ဇူလိုင် ၃၁ရက်ကလည်း တောင်သာမြို့မှ ရုံးစည်ကြိီးကျေးရွာဘက် မောင်းလာသော စစ်ကား သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်အုပ်စုထိခိုက်မှုရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ