Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူမှာ တိုက်ပွဲဖြစ်လို့ ထိုင်းပိုင်နက်ထဲ စစ်ရှောင် ၁၀၀ ကျော်ထွက်ပြေးခိုလှုံခဲ့ရ

မေလ ၁၀ ရက်နေ့က တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်သွားတဲ့နောက် ရွာသားတချို့က အရဲစွန့်ပြီး နေရပ် ပြန်ကြပေမယ့် လူ ၄၀ ကျော်လောက်ကတော့ လုံခြုံရေး စိတ်မချရသေးတာကြောင့် ထိုင်းပိုင်နက်ဖက်မှာပဲ ဆက်လက် ခိုလှုံနေခဲ့တယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူမြို့မှာ တိုက်ပွဲဖြစ်ပြီးထိုင်းဘက်ခြမ်းထွက်​ပြေးတိမ်း​ရှောင်ကြတဲ့စစ်​ဘေး​ရှောင်အချို့
ဘုရားသုံးဆူမြို့မှာ တိုက်ပွဲဖြစ်ပြီးထိုင်းဘက်ခြမ်းထွက်​ပြေးတိမ်း​ရှောင်ကြတဲ့စစ်​ဘေး​ရှောင်အချို့

People’s Spring

မြန်မာ-ထိုင်းနယ်စပ်ဘုရားသုံးဆူမှာ​မေ ၁၀ ရက်​နေ့ကတိုက်ပွဲ​တွေ​ကြောင့် ထိုင်းနိုင်ငံ ပိုင်နက်ထဲက ကန်ချနာဘူရီခရိုင်ထဲကို မြန်မာစစ်​ဘေးရှောင် ၁၀၀ ​ကျော်ထွက်ပြေး ခိုလှုံခဲ့ကြတယ်လို့ဘန်​ကောက်ပိုစ်သတင်းစာက​ဖော်ပြပါတယ်။

မေလ ၁၀ ရက် ညနေပိုင်းက ထိုင်းနိုင်ငံဆန်ခလာဘူရီ ခရိုင်နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံဖက်ခြမ်း ဘုရားသုံးဆူမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး ပေါက်ကွဲသံတွေလည်း ကြားခဲ့ရကြောင်း၊ အဲဒီနောက် မြန်မာစစ်ရှောင် ၁၀၀ ကျော်လောက် ထိုင်းပိုင်နက်ထဲ ထွက်ပြေး ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေ
ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေ

ကရင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဘုရားသုံးဆူမြို့မှာ လက်နက်ကိုင် အင်အားစုတွေကြား မွန်းလွဲပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ထိုင်းမီဒီယာက ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတွေနဲ့ လက်နက်ကြီးတွေ အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။ ပေါက်ကွဲမှုတွေကြောင့် အူထွက်လာတဲ့ မည်းနက်တဲ့ မီးခိုးလုံးတွေကို ထိုင်းဖက်ခြမ်းက အထင်အရှား တွေ့နေခဲ့ရတယ်လို့ ထိုင်းနယ်စပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ တချို့ကတော့ တိုက်ပွဲတွေဟာ ဘုရားသုံးဆူမှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ အမှတ် ၂၈၄ ခြေလျင်တပ်ရင်းမှာ ဖြစ်ခဲ့တာလို့ ​ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူ ၁၀၀ ကျော်ထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်း ပါဝင်ကြောင်း၊ တိုက်ပွဲဟာ မိနစ် ၄၀ ဝန်းကျင်လောက် ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်အပြီး ပြန်လည် ငြိမ်သက်သွားကြောင်း သိရပါတယ်။

ဘုရားသုံးဆူဟာ လောလောဆယ် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ရေးအရ အာရုံအစိုက်ရဆုံး ဗဟိုချက်နယ်မြေ ဖြစ်နေတဲ့ မြဝတီရဲ့ တောင်ဖက် ကီလိုမီတာ ၁၅၀ (၉၃ မိုင်​ကျော်) အကွာမှာ တည်ရှိပါတယ်။

​ဒေသတွင်းမှာရှိတဲ့ အဓိက စစ်စခန်း​တွေကို ​KNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထားပြီး ဘုရားသုံးဆူ​မြို့​ပေါ်က စစ်စခန်းမှာပဲ စစ်​ကောင်စီတပ်သားအနည်းငယ်နဲ့ ကရင်နယ်ခြား​စောင့်တပ်(BGF)​တွေ တပ်စွဲထားတယ်လို့ ​ဒေသတွင်းစစ်​ရေး​လေ့လာသူအချို့က​ပြောပါတယ် ။ တိုက်ပွဲဟာ ​KNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်နဲ့ စစ်​ကောင်စီ၊ BGF တို့ကြား ဖြစ်ပွားခဲ့တာ လို့​ဒေသခံ အချို့ ​ပြော​ပေမယ့် People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါဘူး။ ဒီတိုက်ပွဲနဲ့ပတ်သပ်ပြီး KNU/ KNLA ဘက်က​ရော ၊ စစ်​ကောင်စီနဲ့ BGF ဘက်က​ရော ​မေ ၁၂ ရက်​နေ့ခင်းပိုင်းထိ သတင်းထုတ်ပြန်တာမရှိ​သေးပါဘူး။

ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေ
ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေ

မေလ ၁၀ ရက်နေ့က တိုက်ပွဲတွေ ပြန်လည် ငြိမ်သက်သွားတဲ့နောက် ရွာသားတချို့က အရဲစွန့်ပြီး နေရပ် ပြန်ကြပေမယ့် လူ ၄၀ ကျော်လောက်ကတော့ လုံခြုံရေး စိတ်မချရသေးတာကြောင့် ထိုင်းပိုင်နက်ဖက်မှာပဲ ဆက်လက် ခိုလှုံနေခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ ဒုတိယ ကော်မရှင်နာ ရဲချုပ် ရွန်ဂရော့ဂျ် သက်ကွန်ပွန်ယာဆီရီက မြန်မာစစ်ရှောင်တွေ ခိုလှုံလာရာ နယ်စပ် ကျေးရွာတွေမှာ နယ်ခြားစောင့် ရဲတွေက သွားရောက် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ အခုဖြစ်စဉ်မှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မကြားသိရဘူးလို့လည်း သူက အတည်ပြုသွားပါတယ်။

ကိုးကား-Bankgkok Post

(ဘုရားသုံးဆူမြို့မှာ တိုက်ပွဲဖြစ်ပြီးထိုင်းဘက်ခြမ်းထွက်​ပြေးတိမ်း​ရှောင်ကြတဲ့စစ်​ဘေး​ရှောင်အချို့ /ဘုရားသုံးဆူမြို့မှာ​ တိုက်ပွဲ​ကြောင့် အပျက်အစီး​များ/ ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေ။ ။ဓါတ်ပုံ-CJ ၊ Bangkok Post)

ဆက်စပ်သတင်းများ

သတင်း

ဆုံရွာပျူစောထီးစခန်းကို Myingyan Black Tiger အဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၉ရက်နံနက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးငါးဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်။

သတင်း

စစ်ကောင်စီသည် KNUနယ်မြေများအတွင်းရှိ အရပ်သား ပြည်သူများကို လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ဝင်ရောက်လာပြီး ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသရုံးက ထုတ်ပြန်သည်။

သတင်း

ရန်ကုန် - မော်လမြိုင်ကားလမ်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို အဓိကဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်သည်။