Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ဖြူတွင် အရပ်သားရှိရာနေရာကို စစ်ကောင်စီ ဗုံးကြဲ

ဒဏ်ရာရရှိသူဆယ်ဦးသည် ဆေးရုံ၌ သွားရောက်ကုသခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသူနှစ်ဦး၏အမည်စာရင်းကို လတ်တ‌​လောအ​သေးစိပ်မသိရှိရသေးပေ။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရခိုင်၌ ၃ရက်အတွင်း ​ဒေသခံပြည်သူ ၆ဦး သေဆုံး

‌ဇော်ရမ်း/People’s Spring

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း နှစ်နေရာကို စစ်ကောင်စီက ​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြညိသူနှစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အရပ်သား ၆ဦး သေဆုံးခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့ ကားဂိတ်အနီးသို့ ​မေ ၈ ရက်နံနက် ၈နာရီခန့်၌ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။ နေ့လယ်ပိုင်တွင်လည်း ကျောက်ဖြူမြို့၊ မြို့ချောင်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ရာ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဟု ဒေသခံများကပြောသည်။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

“ဒီနေ့က ဒရုန်းနဲ့ တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားတာပါ။ စနဲမြို့မှာက လူစည်ကားတဲ့နေရာကိုပစ်ချတာ။ မြို့ချောင်းကျေးရွာအုပ်စုမှာက ဘုန်းကြီးကျောင်းကိုပစ်တာ” ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူဆယ်ဦးသည် ဆေးရုံ၌ သွားရောက်ကုသခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသူနှစ်ဦး၏အမည်စာရင်းကို လတ်တ‌​လောအ​သေးစိပ်မသိရှိရသေးပေ။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းအသုံးပြု၍ အရပ်သားများ​နေထိုင်​သောနေရာများကို ဗုံးချတိုက်ခိုက်မှုများပိုမိုပြုလုပ်လာသည်ဟု ဒေသခံများကပြောသည်။

မေလ ၆ ရက်ကလည်း ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်းဇာဂရ၊ဦးနီထွန်းဦး၊ဒေါ်မဒွေးနှင့်ကိုဟန်တို့ သေဆုံးခဲ့သည်။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

အာရက္ခတပ်တော်(AA)သည် ယခုရက်ပိုင်း၌ ဘူးသီးတောင်၊ မောင်တော၊သံတွဲမြို့နယ်တို့မှ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဘူသီးတောင်အခြေစိုက် စကခ (၁၅)အား မေလ ၅ရက်က တိုက်ခိုက်သိမ်းပိုက်ရာ ဒုတပ်မမှူးဦး‌ဆောင်သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၊တပ်မိသားစုဝင်များစုစု​ပေါင်း ရာနှင့်ချီ၍ လက်နက်ချအညံ့ခံ​ခဲ့​ကြကြောင်း AA ကသတင်း ထုတ်ပြန်ထားသည်။ သိမ်းပိုက်ရယူရန်ကျန်ရှိနေသော လက်ကျန်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAက အသိပေးထားသည်။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

သတင်း

မလည်ကျေးရွာသည် ယမန်နှစ် ဧပြီ ၈ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၆၈ဦး သေဆုံးခဲ့ရသည့် ပဇီကြီးရွာနှင့် မနီးမဝေးတွင် တည်ရှိသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။

သတင်း

ဆွမ်ပရာဘွမ်၌ နောက်ဆုံးကျန်နေသည့် ခလရ(၄၆) စစ်ကောင်စီ ဗျူဟာကုန်းကို မတ်လ ၁၃ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူ အကြိမ်ပေါင်းများစွာအသုံးပြု ခုခံခဲ့​သော​ကြောင့် ရက်ပေါင်း ၅၄ရက်အကြာတွင် KIAက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။