စစ်ကောင်စီတပ်က ခလရ ၂၇၅ ထဲသို့ ပေါင် ၅၀၀ ဗုံးထပ်မံကြဲချ
People’s Spring
မြဝတီမြို့ အမှတ်(၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့(ဧပြီ ၁၂ရက်)ညနေပိုင်းတွင် ဒရုန်းဖြင့် Drop bomb ၄လုံးချ တိုက်ခိုက်ခဲ့ကြောင်း ယင်းမြို့ရှိလုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။
မြဝတီမြို့အဝင် စစ်ကောင်စီ၏ ခလရ ၂၇၅ စခန်းကို စွန့်ခွါထွက်ပြေးလာကာ အမှတ်(၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား စစ်ဆေးဂိတ်၌ ခိုလှုံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Drop bomb ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
“စောစောကတော့ သေနတ်သံတွေ ကြားရတယ်။ ဘယ်လိုတွေဖြစ်နေလဲတော့ မသိဘူး။ အဲဒီဘက်(အမှတ်-၂ တံတားဘက်)လည်း ဘယ်သူမှ မသွားရဲဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

ယင်းမတိုင်မီ စစ်ကောင်စီတပ်က ၎င်း၏ တပ်ဖွဲ့ဝင်များမရှိတော့သည့် ခလရ ၂၇၅ ထဲသို့ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့ကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းကလည်း ခလရ ၂၇၅ ထဲသို့ စစ်ကောင်စီတိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) စစ်ဆေးဂိတ်သို့ ဆုတ်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ ယမန်နေ့ကတည်းက ထိုင်းနိုင်ငံကို ခိိုလှုံခွင့်တောင်းခံခဲ့ပြီး ထိုင်းက ခွင့်မပြုသေး၍ ယနေ့ညပိုင်းအထိ စစ်ဆေးဂိတ်ထဲမှာပင် ရှိိနေသည်။ သို့သော် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိိ ၈ ဦးကိို ထိုင်းနိုင်ငံ တာဝန်ရှိိသူများက အိမ်စီီးကားဖြင့် လာရောက်ခေါ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်မရှိတော့သည့် မြဝတီမြို့အခြေအနေမှာ ပုံမှန်အတိုင်းဖြစ်ပြီး မြို့ပြင်တွင် အနည်းငယ်အသွားအလာ ကျဲသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဧပြီိလဆန်းတွင် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာကို KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြဝတီမြို့အဝင်ရှိိ ခလရ(၂၇၅)မှာလည်း ဧပြီ ၁၀ ရက်တွင် စခန်းစွန့် ဆုတ်ပြေးသွား၍ ဧပြီိ ၁၁ ရက်ကတည်းက မြို့တွင် စစ်ကောင်စီတပ် မရှိတော့ပေ။
သို့သော် စစ်ကောင်စီတပ်ကူများက ကော့ကရိတ်မှတဆင့် သင်္ဃန်းညီနောင်နှင့် မြဝတီသို့ ဦးတည်လာနေကြောင်း သိိရသည်။ စစ်ကောင်စီတပ်ကူများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ချေမှုန်းမည်ဖြစ်၍ ယင်းတပ်ကူများ မြဝတီသို့ အလွယ်တကူရောက်ရှိိမည်မဟုတ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
လောလောဆယ်အခြေအနေတွင် မြဝတီမြို့၌ တိုက်ပွဲဖြစ်လာနိုင်ဖွယ်မရှိိကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။
