နိုင်ပကောင်း/People’s Spring
မြဝတီ မြို့စောင့်တပ် ဆုတ်ခွာရချိန်မှာ စစ်ကောင်စီရဲ့ တပ်မ ၅၅ စစ်ကြောင်းဟာ ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ် ထဲက ကျုံဒိုးမြို့နယ်ခွဲဆီရောက်ရှိလာပြီး ဒီနေ့မှာ ဆက်လက်ထွက်ခွာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
သံချပ်ကားနဲ့ စစ်ကားတွေပါတဲ့ အဲဒီယာဉ်တန်းမှာ ရှမ်းပြည်တောင်ပိုင်း ကလော အခြေစိုက် တပ်မ ၅၅ ပါလာပါပြီး ကျုံဒိုးကနေ ကော့ကရိတ်မြို့ဆီ ဦးတည်လာနိုင်တယ်လို့ သတင်းရင်းမြစ်ထံသိရပါတယ်။

ကျုံဒိုးနဲ့ ကော့ကရိတ်မြို့ဟာ ၁၅ မိုင်ဝန်းကျင်သာဝေးပြီး ကားနဲ့ဆိုရင် ၁၅ မိနစ်သာသာ ခရီးဖြစ်ပါတယ်။ မြဝတီနဲ့ကျုံဒိုး ကတော့ အာရှလမ်းမကြီးက သွားရင် မိုင် ၄၀ခန့် ဝေးပါတယ်။

Public Service Announcement
လက်ရှိမှာ အာရှလမ်းမကြီးကို KNU နဲ့ PDF က ထိန်းချုပ်ထားတဲ့အတွက် အဲဒီလမ်းအတိုင်း စစ်ကောင်စီ စစ်ကြောင်းတက်လာရင် ကြားဖြတ်တိုက်ခိုက်ခံနိုင်ခြေရှိပါတယ်။
လက်ရှိမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ကျုံဒိုးနဲ့ ကော့ကရိတ်ကြားက မြပတိုင်ရွာမှာ ရောက်ရှိပြီး တပ်စွဲထားတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
မြဝတီမြို့စောင့်တပ် တိုက်ခိုက်ခံရချိန်မှာ မြို့မကျဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်မ ၅၅ ပါပြီး သံချပ်ကာကားတွေ ဦးဆောင်တဲ့ စစ်ကူယာဉ်တန်းကို မနေ့က စေလွှတ်လာတာပါ။
အဲဒီယာဉ်တန်းဟာ ဘားအံကတဆင့် ကျုံဒိုးကို မနေ့က ရောက်လာပြီး ဆက်လက်ထွက်ခွာနေတာပါ။
မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။
ထိုင်းဘက်ခြမ်းကနေ မြဝတီမြို့ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေသူရဲ အသိပေးချက်အရတော့ ခလရ ၂၇၅ ကနေ အမှတ် ၂ တံတားဆီဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိမ်စီးကားတွေနဲ့ ထိုင်းဘက်ကို သယ်ယူနေတယ်လို့သိရပါတယ်။
အခုစစ်ကူတက်လာတဲ့ တိုက်ခိုက်ရေးတပ် တပ်မ ၅၅ ရဲ့ လက်အောက်ခံတပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်းက မြောက်ပိုင် းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်(MNDAA)ထံ လက်နက်ချဖူးပါတယ်။
