People’s Spring
ဂျပန် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ KDDIဟာ MPTနဲ့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံက ဖက်စပ် လုပ်ငန်းလည်ပတ်မှုတွေမှာ ငွေကြေး ပေးချေမှုနဲ့ အရှုံးပေါ်မှု ပြဿနာတွေ ကြုံနေရတယ်လို့အတည်ပြု ပြောကြားပါတယ်။

Public Service Announcement
ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။
အဲဒီထိုးနှက်ချက်ကြောင့် KDDIဟာ နှစ်စဉ် အမြတ်ငွေ ခန့်မှန်းချက်ကို မူလ လျာထားချက်ထက် ယန်းငွေ ၄၅ ဘီလီယံ လျှော့ချလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတ်လကုန်မှာ အဆုံးသတ်ခဲ့တဲ့ အခု ဘဏ္ဍာရေးနှစ်အတွက် KDDIရဲ့ အမြတ်ငွေ ခန့်မှန်းချက်ဟာ ယန်း ၆၃၅ ဘီလီယံ ဖြစ်လာပါတယ်။ မနှစ်က ဝင်ငွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီခန့်မှန်းချက်ဟာ ၆ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်။
မြန်မာအခြေစိုက် လုပ်ငန်းခွဲအဖြစ် ထူထောင်ထားတဲ့ KDDI Summit Global Myanmar ဟာ Sumitomo Corpနဲ့ ပူးပေါင်းပြီး MPTရဲ့ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်တွေကို ၂၀၁၄ ခုနှစ် ကတည်းက ပံ့ပိုးပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဏာသိမ်း စစ်တပ်အပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုတွေကြောင့် KDDIဟာ ငွေကြေး လက်ခံရရှိဖို့ ဒေါ်လာ လဲလှယ်မှုမှာ ကန့်သတ်ချက် ကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။
ဒါ့အပြင် Sumitomo Corpကလည်း တူညီတဲ့ အကြောင်းတရားကြောင်း မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းခွဲကနေ ငွေကြေးနစ်နာ ဆုံးရှုံးမှုတွေ ကြုံနိုင်ခြေကို ကြိုတင် ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

Public Service Announcement
အခုလို အကျပ်အတည်းတွေ ကြုံနေပေမယ့် ဂျပန်ကုမ္ပဏီ နှစ်ခုစလုံးက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍမှာ ဆက်လက် အာရုံစိုက် မြှုပ်နှံထားမယ်လို့ ပြောကြားခဲ့တာကြောင့် မြန်မာနိုင်ငံက မထွက်ခွာသေးဘဲ လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေဦးမယ်လို့ ယုံကြည်ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး အင်တာနက်လိုင်းတွေဖြတ်တောက်တာ ၊ဖုန်းအော်ပရေတာလုပ်ငန်းတွေကို စစ်ကောင်စီက ထိန်းချုပ်နေတာကြောင့် ဖုန်းအော်ပရေတာလုပ်ငန်းတွေဟာစီးပွားရေးကျဆင်းနေပါတယ် ။ဒါအပြင် စစ်အုပ်စုကိုယ်တိုင် ရှယ်ယာထည့်ဝင်တည်ထောင်ထားတဲ့ Mytel ဆိုရင် ပြည်သူတွေက သပိတ်မှောက်တာ ၊တော်လှန်ရေးအဖွဲ့တွေက ဖုန်းတာဝါတိုင်တွေကို ဖြိုချတာကြောင့် ပိုအထိနာနေပါတယ် ။
ကိုးကား: Nikkei
