Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီထုတ်ပြန်​သောမူဆယ်မှကျားဖြန့်သတင်း ​မြေပြင်အ​ခြေအ​နေမှန် နှင့် ကွဲလွဲ​နေဟုမြို့ခံများ​ပြော

မူဆယ်မြို့ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများသည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့်ဆက်စပ်နေပြီး လုပ်ငန်းအများစုသည် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများ၌ ရှိနေသည်ဟု ဒေသခံများကပြောသည်။

(မူဆယ် ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသားများကို တရုတ်ရဲတပ်ဖွဲ့က လွဲ​ပြောင်းယူ​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(မူဆယ် ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသားများကို တရုတ်ရဲတပ်ဖွဲ့က လွဲ​ပြောင်းယူ​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှ ကျားဖြန့်အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့်ပတ်သက်၍ စစ်ကောင်စီက ဧပြီ ၁ ရက် ညသတင်းထုတ်ပြန်ရာ စစ်တပ်အရာရှိတစ်ဦးကို တရုတ်ကဖမ်းဆီးခဲ့ခြင်းအား ထိန်ချန်ထားသလို သတင်းများလိမ်လည်ထုတ်ပြန်သွားကြောင်း မြို့ခံများကပြောသည်။

မူဆယ်မြို့မှ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တရုတ်နှင့်ပူးပေါင်း၍ မတ်လ ၂၈ရက်မှ မတ်လ ၃၁ရက်အထိ စီးနင်းခဲ့‌ပြီး တရုတ်နိုင်ငံသား ၃၅၂ ဦး၊ မြန်မာနိုင်ငံသား ၄၈၆ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ညတွင်သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးပြီး တရုတ်ရဲတပ်ဖွဲ့ထံ အပ်နိုင်လိုက်ကြောင်း ဆိုထားသည်။

Public Service Announcement

Public Service Announcement

အမှန်မှာ တရုတ်နှင့်မြန်မာပူးပေါင်း၍ ပြုလုပ်ခဲ့သည့် စီမံချက်မဟုတ်ဘဲ မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းအဓိကလုပ်ဆောင်သူ ၁၁ ဦးနှင့် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံဘက်ခြမ်း​ရွှေလီမြို့တွင် မတ်လ ၂၆ ရက်က ဖမ်းဆီးပြီးနောက် မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများရှိရာကို တရုတ်က လိပ်စာအတိအကျပေး၍စစ်ကောင်စီအား ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်​ကြောင်းမြို့ခံသတင်းမြစ်များကပြောသည်။

” စစ်‌တပ်က ချော်လဲ ရောထိုင်တာ။ သူလွတ်ပေးထားတဲ့ ကျားဖြန့်တွေကို တရုတ်ကဖော်ထုတ်ပြီးဖမ်းခိုင်းတာ” ဟုမူဆယ်လဝကဌာနနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကျားဖြန့်အွန်လိုင်းလောင်းကစားလုပ်ငန်းရှင် ၁၁ ဦးနှင့် မူဆယ် ခလရ(၁၂၉)တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကို မတ်လ ၂၆ရက်တွင် ရွှေလီမြို့၌ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုနောက် တပ်မ(၉၉) တပ်မမှူး၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အ​ပေးအယုပြုလုပ်ပြီး ဗိုလ်မှူးရွှေမောင်ကို ​နေ့ချင်း ပြန်လွှတ်ပေးခဲ့သည်။ အပေးအယူအနေဖြင့် မူဆယ်ရှိ ကျားဖြန့်တရားခံများကို ဖမ်းဆီးလွှဲပြောင်းပေးရန် တရုတ်က တောင်းဆိုခဲ့ကြောင်း မူဆယ်လဝကဌာနနှင့်နီးစပ်သူကပြောသည်။

“ကျားဖြန့်ပြဿနာက ကွင်းဆက်တွေရှိနေတော့ အကုန်လန့်ပြီး တရုတ်ခိုင်းသမျှလိုက်လုပ်ပေးနေရတာ။ စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ တရုတ်ကိုအသုံးချထားတယ်။ ဒါပေမယ့် တရုတ်က တစ်ရစ်ချင်း ကြပ်မယ်ထင်တယ်” ဟာ မူဆယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တရုတ်၏ သတင်းပေးချက်နှင့်အတူ မူဆယ်မြို့ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော်သတင်းထုတ်ပြန်သည့်အခါ အွန်လိုင်းလောင်းစားလုပ်ငန်းများကိုတရုတ်နှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့သည်ဟုစစ်ကောင်စီက ဆိုသည်။

မူဆယ်မြို့ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများသည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့်ဆက်စပ်နေပြီး လုပ်ငန်းအများစုသည် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများ၌ ရှိနေသည်ဟု ဒေသခံများကပြောသည်။

တရုတ်နိုင်ငံသားများကိုအထိနာစေသည့်ရှမ်းပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖယ်ရှားရှင်းလင်းမည်ဟု တရုတ်အစိုးရကထုတ်ပြန်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ရှိ ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို ဖမ်းဆီးထားသည်။ကျားဖြန့်လောင်းကစားနှင့်ပတ်သက်၍တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်ဖြင့် ဇန်နဝါရီလ ၃၀ရက် ညတွင် နေပြည်တော်လေဆိပ်၌ လာရောက်ခေါ်ဆောင်သွားခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးစဉ် ဖမ်းဆီးခံထားရသူများ၏ထွက်ဆိုချက်၌ ကျားဖြန့်လုပ်ငန်းများတွင် ရှမ်းပြည်နယ်၌ ၂၀၁၈ ခုနှစ်နောက်ပိုင်း တာဝန်ကျခဲ့သော စစ်တပ်အရာရှိများ၊ ပြည်ထဲရေးနှင့် ရဲအရာရှိအများအပြားပါဝင်နေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကိုလည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တရုတ်၏ ဖိအားပေးမှုဖြင့် စစ်ကောင်စီကဝင်ရောက်ဖမ်းဆီးခဲ့ဖူးသည်။ အဓိကတာဝန်ရှိသူများကို ဖမ်းမမိခဲ့ဘဲ တရုတ်နိုင်ငံသား ဝန်ထမ်း နှစ်ရာကျော်နှင့် မြန်မာနိုင်ငံသား ဝန်ထမ်းခြောက်ရာကျော်ကို ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသားများကို တရုတ်ရဲတပ်ဖွဲ့သို့လွှဲအပ်လိုက်ပြီး မြန်မာနိုင်ငံသားများကို အာမခံဖြင့် ပြီးခဲ့သည့်ရက်အနည်းငယ်ကမှ ပြန်လွှတ်ပေးခဲ့သည်။

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ထုတ်ပြန်ထားသည်။