Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲ​ဘော်သစ် လုပ်လို၍ ဆက်သွယ်လာသူများကို ကြိုဆို​ကြောင်းKNDF တပ်ရင်း (၂ ) ထုတ်ပြန်

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)
(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)

ရဲဘော်သွေးသစ်များကို အစီအစဉ်တကျ လက်ခံ၎ အခြေခံစစ်သင်တန်း၊ မွမ်းမံသင်တန်းများကို ပြု လုပ်နေပြီး ဆက်သွယ်လာသူများကိုကြိုဆိုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ က ယနေ့ထုတ်ပြန်သည်။

မီဒီယာပလက်ဖောင်းများပေါ်မှ တရားဝင်တပ် သားသစ်ခေါ်ယူခြင်းများမကြေညာသော်လည်း မြေပြင်အဆက်အသွယ်နှင့်စည်းရုံးရေးများမှတစ်ဆင့် တပ် ရင်းတွင်တာဝန်ထမ်းဆောင်လိုသော ရဲဘော်သွေးသစ်များကို အစီအစဉ်တကျ လက်ခံစီမံကာအခြေခံစစ် သင်တန်း၊ မွမ်းမံသင်တန်းများကို ပြုလုပ်​ပေးနေကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)
(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)

ထို့အတူ စစ်ကောင်စီ စစ်အုပ်ချုပ်မှုကိုဆန့်ကျင်ကြသူများအတွက် ခုခံတွန်းလှန်ခြင်းလမ်းစဉ်ကနေ ကကြိုဆိုပြီး နယ်ပယ်အလိုက် အကောင်းဆုံးကူညီနိုင်ဖို့ တတ်နိုင်သ၍ ကြိုးစားသွားမည်ဟု အသိ​ပေးထားသည်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

“လက်ရှိအခြေအနေမှာ စစ်ကောင်စီညစ်လုံးဖြစ်တဲ့စစ်မှုထမ်းဥပဒေရဲ့ ဆိုးဝါးတဲ့ဖိနှိပ်မှုကြောင့် နောက် ထပ်ကြပ်တည်းမှုကြီးတစ်ရပ်ကို ကြုံနေကြရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာစစ်ကောင်စီရဲ့ဘက် တော်သားအဖြစ် မခံယူချင်တဲ့ လူငယ်လူရွယ်အများအပြားဟာ ရွေးချယ်စရာလမ်းကြောင်းနည်းပါးလာပြီး နိုင်ငံကနေထွက်ခွာရှောင်တိမ်းခြင်းမပြုလုပ်နိုင်လျှင် စစ်ကောင်စီအလိုကျ ဖိနိပ်မှုယန္တရားကို တနည်းနည်းဖြင့်အားဖြည့်ပါဝင်ရခြင်းတို့ကို မလွဲရှောင်သာလုပ်ရတော့မှာဖြစ်ပြီးတော့ နောက်ထပ်ရွေးချယ်မှုတစ်ခုအနေနဲ့ လွတ်‌မြောက်နယ်မြေတွေပိုင်ဆိုင်ထားပြီး ဆက်လက်ဖော်ဆောင်တိုက်ပွဲဝင်နေကြတဲ့တော် လှန်ရေးအဖွဲ့အစည်းတွေဆီမှာ အားဖြည့်ပါဝင်ကြတာပါ”ဟု KNDF တပ်ရင်း ၂ က ပြောသည်။

(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)
(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)

တပ်ရင်းတွင် အခြေခံစစ်သင်တန်း(၃)ခု၊ မွမ်းမံစစ် သင်တန်း(၂)ခုကို ပြုလုပ်ပြီးစီးထားကာ သင်တန်းဆင်းရဲဘော်များသည် သက်ဆိုင်ရာ နေရာနယ်ပယ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း လည်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၂) ဟာ KNDF၏ စစ်ဗျူဟာအ မှတ်(၂)တွင်ပါဝင်နေပြီး လွိုင်ကော်မြို့အပါအဝင်အခြားဆက်စပ်နေရာများ၌ စစ်ရေးတာဝန်များ ထမ်းဆောင်နေကြောင်း သိရသည်။