ဖားကန့်တွင် မိုးကောင်းနေသဖြင့်ဥရုချောင်းရေလျှံကာလုံးခင်းကျေးရွာအုပ်စုအပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်များ ရေကြီးနစ်မြုပ်နေကြောင်း ဒေသခံများကပြောသည်။
“ရေက တရိပ်ရိပ်တက်နေတာပါ။ အထက်မှ မိုးများနေတာ။ မိုးဆက်ကောင်းရင် အိမ်ကနေ ခွာရမယ်”ဟု လုံးခင်းဒေသခံတစ်ဦးကပြောသည်။

ယနေ့(ဇွန် ၂၂) ညနေတွင် ဖားကန့်၌ မိုးဆက်ရွာနေပြီး လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)၊ ငှက်ပျောတောရပ်ကွက်တို့တွင် နေအိမ်များအတွင်း ရေဝင်နေကြောင်း ဒေသခံများကပြောသည်။

ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေ အားကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM က သတင်းထုတ်ပြန်ထားသည်။ မိုးကြီးပြီး မြစ်ချောင်းများ ရေကြီးရေလျှံနိုင်ခြေရှိ၍ရေဘေးသတိပြုကြရန် MOHADM က သတိပေးထားသည်။
