မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကိုဆက်သွယ်ထားတဲ့ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ ဒီနေ့မနက်ပိုင်းက နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအရ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ပါတယ်။
စစ်ဆေးမှုကိုKNU ၊ ရေဘီးလူးတပ်ဖွဲ့တို့နဲ့အတူပူးပေါင်းစစ်ဆေးခဲ့တာလို့သိရပါတယ်။
လမ်းပိုင်းစစ်ဆေးမှုကို မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားက လမ်းပိုင်းမှာဆောင်ရွက်ခဲ့တာလို့သိရပြီး ဇွန်လ ၁၉ ရက်ကစတင်စစ်ဆေးနေတာပါ။

ဒီလို စစ်ဆေးရာမှာ စစ်ကောင်စီတပ်နဲ့ဆက်နွယ်သူ ၄ ဦးကို ဖမ်းမိခဲ့တယ်လို့လည်း S.O.F ကဆိုထားပါတယ်။
ဒါအပြင် လမ်းပိုင်းစစ်ဆေးနေချိန် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာလည်းရှိတယ်လို့ သိရပါတယ်။
လမ်းပိုင်းစစ်ဆေးနေချိန်မှာ ခရီးသွားပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။
