အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ PDF တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ၏ စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများကိုယနေ့(ဇွန်လ ၂၂)ထုတ်ပြန်သည်။



ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များ ဖြစ်ကြောင်း သိရသည်။



တပ်ရင်း ၅၁၀၁ မှ ရဲဘော်များအနေဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများသာမက စုဖွဲ့လေ့ကျင့်မှုများကိုပါ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး တောတွင်းနှင့် မြို့ပြစစ်ဆင်ရေးများ ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်နိုင်ရေး အထူးကြိုးပမ်းလျက်ရှိပါကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ် အသိပေးထားသည်။



ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ သည် စစ်ကောင်စီအား ရန်ကုန်တိုင်းတွင်စစ်ဆင် ရေးများပြုလုပ်ရန် ၊ရန်ကုန်တိုင်းပြင်ပမှ ဖိအားပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းNUG ၊ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က Myanmar Now သတင်းဌာနသို့ဖြေကြားထားသည်။
