မန္တလေးမြို့ ပြည်ကြီးတံခွန် သပိတ်အင်အားစုရဲ့ ဦးဆောင်ဆရာတော်ဖြစ်သူ ဦးအဂ္ဂဝံသ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း မြင်းမူနယ်မှာ ဖမ်းခံရတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ထဲ မတ် ၅ရက်က ဖမ်းခံရတာလို့ နီးစပ်သူတွေထံ ကသိရတာပါ။
မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။
ဆရာတော်ဟာ မန္တလေးကနေ တိမ်းရှောင်ပြီး စစ်ကိုင်းမှာ ရှိနေချိန်အဖမ်းခံရတာလည်းဖြစ်ပါတယ်။
မန္တလေးမြို့မှာရှိတဲ့ သပိတ်အင်အားစုက ဆရာတော်တွေ ၊ လူငယ်တွေဟာလည်း စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကိုခံထားရပါတယ်။
