စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတစ်ရွာမှ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အိမ်တိုင်များ လှူဒါန်းခဲ့ကြောင်း BurmaRangers (ShweBo) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် ၄၁လုံး ဆုံးရှုံးခဲ့ရသော ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာရှိ ပြည်သူများအား တစ်ထပ်နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်တိုင်များ ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်အေဓီက ပြောသည်။

“ လိုအပ်ချက်တွေကတော့များတယ်။ ကျွန်တော်တို့လည်း စစ်ရေးကတစ်ဖက် ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်ရောဘက်စုံ ကြိုးစားနေပါတယ်။ အစားအစာ၊ အဝတ်အစား၊ ဆေးဝါး၊ သောက်သုံးရေ လိုအပ်ချက်တွေရှိပါတယ်။” ဟု ဗိုလ်အေဓီက ပြောသည်။

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း ၄၃,၂၉၂ လုံးအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
