Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

(၁၀)တန်းစာမေးပွဲရက်အတွင်း မန္တလေးမြို့၌တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဟု မြနန္ဒာစစ်ဆင်ရေးအ‌ဖွဲ့ပြော

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

(၁၀)တန်းစာမေးပွဲရက်အတွင်း မန္တလေးမြို့၌တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဟု မြနန္ဒာစစ်ဆင်ရေးအ‌ဖွဲ့ပြော
(၁၀)တန်းစာမေးပွဲရက်အတွင်း မန္တလေးမြို့၌တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဟု မြနန္ဒာစစ်ဆင်ရေးအ‌ဖွဲ့ပြော

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်ရက်အတွင်း မြနန္ဒာစစ်ဆင်ရေးအဖြစ် မန္တလေးမြို့၌ တိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း အဆိုပါ စစ်ဆင်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ခ(စစ်ကောင်စီတပ်သား)တွေက ရှယ်ပတ်နေတာ။ အခုဟာက ခတွေပတ်လို့မဟုတ်ဘူး။ ဆယ်တန်းစာမေးပွဲကြောင့် “ ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် နှစ်လအတွင်း ဖောက်ခွဲတိုက်ခိုက်မှုများ ၃၀ခန့် ပြုလုပ်ခဲ့ပြီးစစ်ကောင်စီဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

မတ်လ ၈ ရက်တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ဦးရေ ၁၈၀,၀၀၀ ခန့်သာရှိကြောင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်နှင့်ပျူများ အများအပြားထိခိုက်ဒဏ်ရာများရရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မူများတွင်အခင်းဖြစ်နေရာ၌ဗိုလ်တစ်ဦးနှင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ သေဆုံးတပ်သား ၅ ဦးအား ဆီမီးခုံမြို့ဘေးတွင် သင်္ဂြိုလ်သွားပြီး ဗိုလ်တစ်ဦးကိုမူ ကားဖြင့် သယ်သွားကြောင်း သိရသည်။

သတင်း

မတ်လ ၆ရက် နံနက် ၇နာရီခန့်ကလည်း တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။