မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ကနောင်မင်းသားကြီးလမ်း မှာရှိတဲ့ ပီနံအိတ်စက်ရုံ ဒီနေ့မနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ပြည်ကြီးတံခွန် ၊ (ဈ)ရပ်ကွက် ၊လမ်း၇၀နဲ့ ၁၃၈လမ်းရှိ ပီနံအိတ်စက်ရုံ မှာ မနက် ၃ နာရီကျော်ကစတင်မီးလောင်တာဖြစ်ပြီး ၁ နာရီခွဲကျော်ကြာမြင့်ခဲ့တယ်လို့ မီးသတ်ထံကသိရပါတယ်။


” အထဲမှာ လှိုက်လောင်နေတာဆိုတော့ ငြိမ်းရခက်တယ်” လို့မီးလောင်ပြင် ကူညီကယ်ဆယ်ရေးလုပ်ဆောင် ပေးသူ တစ်ဦးက ပြောပြပါတယ်။
အဲဒီမီးလောင်ကျွမ်းမှုကို Level 3 အဆင့်သတ်မှတ်ပြီး ငြိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။
