မန္တလေး ချမ်းအေးသာစံမြို့နယ်ထဲမှာ ညပိုင်း အချိန် ၂ ရက်ဆက်တိုက် ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
လုယက်မှုဖြစ်ပွားတဲ့မြို့နယ်ဟာ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီး မတ် ၇ ရက်နဲ့ ၈ ရက်ညပိုင်း တွေမှာဖြစ်ပွားတာပါ။
မတ်လ ၇ ရက် ဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ် ၊ကန်တော်ကြီးပတ်လမ်း အနီးမှာ ဆိုင်ကယ်စီးအမျိုးသား ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုခံရတာဖြစ်ပါတယ်။
မနေ့ မတ်လ ၈ ရက် ညပိုင်း ၈ နာရီခွဲဝန်းကျင်မှာလည်း ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနဲ့ ၃၉ လမ်းအနီး ဆိုင်ကယ်စီးအမျိုးသားကို လူတစ်စု ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုပြေးသွားတယ်လို့ မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)ဆီကသိရပါတယ်။
ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသား ဟာ ဒဏ်ရာများလို့ မန္တလေးဆေးရုံဆီပို့လိုက်ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လုယက် ၊ဓားပြတိုက်မှုတွေပိုများလာတာဖြစ်ပါတယ်။
