Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်၍ ပြည်သူလေးဦး ထိမှန်ဒဏ်ရာရ

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)

▪️ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလေးဦး ထိမှန်ဒဏ်ရာရသွားကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ညောင်လေးပင်မြို့နယ်ဘက်ခြမ်း ပုဇွန်မြောင် ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များက ယမန်နေ့ (မတ်လ၈ ရက်)တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်ဘက်ခြမ်းရှိ သိုက်တူးကုန်း၊ ဝိုင်းနှင့် ကွင်းဒလကျေးရွာများသို့ ကျရောက်ပွဲကွဲခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ – CJ)

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ သူတို့က စစ်တောင်းမြစ်အနောက်ဘက်ကမ်း ပုဇွန်မြောင်မှာ အသေထိုင်ပြီးတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကရွာတွေကို ရမ်းသမ်းပြီး လှမ်းလှမ်းထုတာ။ ရွာတွေထဲ သွားပစ်တာမျိုး မဟုတ်ဘူး။ ပုဇွန်မြောင်ဆိုတဲ့ မြစ်အနောက်ဘက်ခြမ်းရွာကနေ ရွှေကျင်ဘက် ကမ်းနားနဲ့နီးတဲ့ရွာတွေကို လှမ်းပစ်တာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် ရွှေကျင်မြို့နယ် စစ်တောင်းမြစ် ကြောတလျှောက်မှ သိုက်တူးကုန်း၊ ဝိုင်း၊ ကွင်းဒလ၊ ညောင်ပင်ကြီး စသည့်ကျေးရွာများမှ ဒေသခံပြည်သူရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရာ နေသူမဲ့ ပြည်သူပိုင်အိမ်များကို စစ်ကောင်စီတပ်များက ဖောက်ထွင်းခိုးယူမှုများကျူးလွန်နေသည့်အပြင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းဒေသခံက ဆက် ပြောသည်။

အဆိုပါ ပုဇွန်မြောင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း ရွှေကျင်နှင့် ညောင်လေးပင်အစပ်မှ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု နှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး ​လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးထ်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

သတင်း

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် အယောင်ပြပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲအား တော်လှန်ရေးရဲဘော် များနှင့် တော်လှန်ရေးအင်အားစုများက အပြင်းအထန်ကန့်ကွက်ထားသည်။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်၊ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုကို ပိတ်ဆို့အရေးယူထားသည်။