Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတိုင်းလွှတ်တော်ရုံးနှင့် မြို့နယ်တရားရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းမြနန္ဒာစစ်ဆင်ရေး(မန္တလေး)က အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း အဖွဲ့သားအားလုံးဘေးကင်းကြောင်း မြနန္ဒာစစ်ဆင်ရေး​၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် နံနက် ၁၀ နာရီ ၁၀မိနစ်တွင် အပြစ်မဲ့ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို မတရားစီရင်ချက်ချနေသည့် ချမ်းအေးသာစံမြို့နယ် တရားရုံးကို အသံမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ၂၀) ကလည်း ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုလည်း လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် ‌‌ထောက်ပံ့ကူညီပေးရန် ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားသည်။

ထောက်ပံ့လိုသူများအနေဖြင့် မြနန္ဒာစစ်ဆင်ရေး ၏ ဖေ့စ်ဘွတ်ခ် ၊ တယ်လီဂရန်တို့မှ ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

Facebook

You May Also Like

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ကလည်း ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီ ၁၃ရက် ညပိုင်းက ဆိပ်ဖြူနှင့် ပွင့်ဖြူလမ်းမပေါ်၊ အောက်ဆိပ်ကျေးရွာ၌ ဖွင့်လှစ်ထားသော ဆုံဆည်းရာ KTVဆိုင်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ဘရာဇီး ပြည်သူတွေနဲ့ ဒီမိုကရေစီ စနစ်အပေါ် လေးစားမှုရှိဖို့ တောင်းဆိုခဲ့ပြီး လူလာကို အစွမ်းကုန် ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

သတင်း

Zeus Club သည် မန္တလေးမြို့ ၅၅×၃၀(ဘီ) လမ်းတွင်ရှိပြီး နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်ကာ ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့်ဆိုင် ဖြစ်သည်။