Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲတပ်ရင်း(၂၈)အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်၍ ပြည်သူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ်သည် မုံရွာ – ပုသိမ်လမ်းပေါ်ရှိ ခရီးသွားပြည်သူများ၏ ယာဥ်များကိုလည်း တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရဲတပ်ရင်း (၂၈)အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ရဲတပ်ရင်း (၂၈)အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မုံရွာ – ပုသိမ်လမ်းဘေး ရဲတပ်ရင်း (၂၈)အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်၍ ပြည်သူနှစ်ဦး ကျဉ် ထိမှန်ဒဏ်ရာရရှိထားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်သည် ရွှေတောင်ဦးကုန်းမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလာသော စစ်ယာဥ် သုံးစီးနှင့်အတူ မုံရွာ – ပုသိမ်လမ်းအတိုင်း ရဲတပ်ရင်း (၂၈)အနီး ကျေးရွာများကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

“အင်အားတော့ အတိအကျခန့်မှန်းမရဘူး။ များတယ်။ မုံရွာ – ပုသိမ်လမ်း ရွှေတောင်ဦးကုန်းနဲ့ ဝမ်းပေါင်လမ်းဆုံအထိ ကင်းပုန်းတွေချထားတယ်။ ကျေးရွာတွေထဲမှာလည်း ဝင်ရောက်နေတာတွေရှိတယ်။”ဟု ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ – ၁ Brother Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းအတွက် လုံခြုံရေး ကင်းပုန်းယူပေးနေသော ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီနှင့် ၁၆ ကုတင်တိုက်နယ်ဆေးရုံအနီး ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၇ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း Brother Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် မုံရွာ – ပုသိမ်လမ်းပေါ်ရှိ ခရီးသွားပြည်သူများ၏ ယာဥ်များကိုလည်း တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Facebook

You May Also Like

သတင်း

ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်က အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် စခန်းအထိုင်ချရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အင်အား(၈၀)ဝန်းကျင်စီရှိ​သည့်စစ်ကောင်စီစစ်ကြောင်းနှစ်​ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက် မနက်ကတည်းက ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။

သတင်း

တရားမဝင်အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ကရင်နီနယ်ရှိ နယ်စပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန် ရှမ်းအခြေစိုက် တပ်များကို အသုံးပြုနေရကြောင်း၊ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက ကရင်နီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်နေမည်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယမန်နေ့တွင် ပြောကြားထားသည်။