ထန်တလန်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေ
ချင်းပြည်နယ် ထန်တလန်မြို့မှာ ဒီနေ့ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများ အသုံးပြုတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းပူးပေါင်းတပ်က စစ်ကောင်စီရဲစခန်းကို တိုက်ခိုက်သိမ်းပိုင်းပြီးနောက် ထန်တလန်မြို့ကို စစ်ကောင်စီက နေ့စဥ် လေကြောင်းတိိိုက်ခိုက်မှုလုပ်ဆောင်နေခဲ့ရာ ဒီီနေ့ မနက်ပိုင်းက သုံးကြိိမ်လာရောက်ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်သေဆုံးထိခိုက်မှုရှိပေမယ့် အသေးစိတ်အခြေအနေကို အတည်ပြုလို့မရသေးဘူးလို့ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းပူးပေါင်းတပ်ဘက်ကလည်း စစ်ကောင်စီတပ်ကုန်းရှိရာသို့ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တယ််လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ တိုက်ပွဲ ပြန်ဖြစ်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ ဒီိနေ့ မနက်အစောပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ နယ်စပ်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဘုရားသုံးဆူမြို့ စစ်ကောင်စီရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိမှုကို မသိရှိရသေးဘဲ တိုက်ပွဲအခြေအနေကြောင့် ထိုင်းနိုင်ငံ စံခရဘူရီဘက်ခြမ်းမှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
KNUတပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်သိမ်းပိုက်
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က သတင်းထုတ်ပြန်ပါတယ်။ KNLA၊BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ Force for Federal Democracy(FFD) တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့တာပါ။ ရန်သူတွေက စိတ်ဓာတ်အင်အားချိနဲ့နေကြတာကြောင့် စခန်းကို အလွယ် တကူပဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA) တာဝန်ခံ မောင်ဆောင်းခက ပြောပါတယ်။ ရန်သူ့ဘက်မှ ကြောက်လန့်တကြား စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်နှစ်လက်နဲ့ ဆက်စပ်ပစ္စည်းများရရှိခဲ့တယ်လို့ အသိပေးပါတယ်။



နယ်စပ်မှ ဆန်စပါးတင်ပို့ခွင့် စစ်ကောင်စီရဲ့ မူဝါဒသစ် လုပ်ငန်းရှင်များကို အခက်တွေ့စေ
နယ်စပ်မှဆန်နဲ့ ဆန်ထွက်ပစ္စည်းတင်ပို့မှုအပါ် စစ်ကောင်ရဲ့ မူဝါဒအသစ်ဟာ ဆန်ပြည်ပတင်ပို့တဲ့ကုန်သည်များကို အခက်တွေ့စေပြီး ဆန်တင်ပို့မှုလျော့ကျစေလာနိုင်တယ်လို့ ဆန်ကုန်သည်များကပြောပါတယ်။ ဆန်နဲ့ ဆန်ထွက်ပစ္စည်းများကို နယ်စပ်မှ ပြည်ပတင်ပို့ရာရရှိတဲ့ နိုင်ငံခြားငွေ ၆၅ရာခိုင်နှုန်းကို လာမယ့် မတ်လ ၁ရက်ကစလို့ စစ်ကောင်စီသတ်မှတ်တဲ့ နှုန်းအတိုင်း လဲလှယ်ရမယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၃ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဆန်တင်ပို့တဲ့သူတွေ အခက်အခဲဖြစ်လာနိုင်ပြီး ပြည်ပတင်ပို့မှုလျော့ကျမှာဖြစ်တာကြောင့် တောင်သူတွေအတွက်လည်း ဈေးကောင်း မရနိုင်တော့ဘူးလို့ ဆန်ပြည်ပတင်ပို့နေတဲ့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မြင်းမူနဲ့အရာတော်ကြား စစ်ကောင်စီစစ်ကြောင်း နှစ်ခုကို တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ အရာတော်နယ်မှတဆင့် မြင်းမူမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနှစ်ခုကိို ဒေသတွင်း PDF များက ပူးပေါင်းတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးတယ််လို့ ZEROပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ မနေ့ ညနေပိိုင်းက မြင်းမူမြို့နယ်၊ ကျောက်ပြောက်ရွာ၊ မင်းရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း နှစ်ခုကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ နှစ်နာရီခန့်ကြာခဲ့ပြီး စစ်သား ၁၀ဦးခန့်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ မြင်းခြံတပ်ရင်း(၄)မှ ရဲဘော် နှစ်ဦးကျဆုံးကာ ZEROအဖွဲ့မှ ရဲဘော်တစ်ဦး လက်မောင်း(မစိုးရိမ်ရ) ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လေးရက်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် ပုလဲဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဘက်မှ ယင်းမာပင်မြို့နယ်သို့ဝင်ရောက်ပြီး လေးရက်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာအများအပြားမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ခန့်ဟာ ဖေဖော်ဝါရီ ၂၂ရက်မှစတင်ကာ ယင်းမာပင်မြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး အထက်ငါးနန်းကျေးရွာအတွင်းသို့ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။ ရမ်းသမ်းပစ်ခတ်မှုကြောင့် အထက်ငါးနန်းကျေးရွာနေ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတဝန်း စစ်ကောင်စီကျူးလွန်နေမှုတွေကို လာမယ့် ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေး တင်ပြနိုင်ရေး NUGကြိုးပမ်း
နိုင်ငံတဝန်း စစ််ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ လာမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင််စီသို့ လူ့အခွင့်အရေးမဟာမင်းကြီးတင်ပြမယ့် အစီရင်ခံစာမှာ ပိုမိုပြင်းထန်််စွာထည့်သွင်းနိုင််ရေး တင််ပြတိုက််တွန််းနိုင်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Türk ဟာ ဝန််ကြီးဦးအောင်မျိုးမင်းကို ဖေဖော်ဝါရီ ၂၃ရက််မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ ၎င်းရဲ့ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ မတ်လ ၆ရက်မှာ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ့် မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ တကယ့် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ပိုမိုပြင်းထန်စွာ တင််ပြဖို့၊ စစ်ကောင်စီကို စီးပွားရေး ၊ လက်နက်တင်ပို့ရောင်းချမှု၊ နိုင်ငံတကာယန္တရားတွေကနေ အရေးယူနိုင်ဖို့ လုပ််ဆောင််ဖို့အတွက် ထည့်သွင်းဖော်ပြဖို့ တိုက်တွန်းနိုင်ခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။


