Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် စစ်အုပ်စုအား ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန်ပြင်ဆင်ထားစဥ် ပြည်သူများရောက်လာ၍ စစ်ဆင်ရေးဖျက်သိမ်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)က မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတည်ရှိရာလွတ်လပ်ရေးကျောက်တိုင်အနီးတွင် ခွေးစာဟုရေးထားသော ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန် PAFD ရဲဘော်များက စောင့်ဆိုင်းခဲ့သည်။

ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD
ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် စစ်ကောင်စီတပ်အား ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားစဥ် ပြည်သူများဖြတ်လာ၍ စစ်ဆင်ရေးဖျက်သိမ်းခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)က မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းတည်ရှိရာလွတ်လပ်ရေးကျောက်တိုင်အနီးတွင် ခွေးစာဟုရေးထားသော ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရန် PAFD ရဲဘော်များက စောင့်ဆိုင်းခဲ့သည်။

စစ်​ကောင်စီတပ်သားသုံးဦး စခန်းမှထွက်လာချိန်ဖောက်ခွဲတိုက်ခိုက်တော့မည့်အချိန်တွင် စစ်သားနှင့်အတူ အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနှင့် ပြည်သူ့ကားတစ်စီး ကပ်လာ၍ ပြည်သူအားငဲ့ညှာကာ ဖောက်ခွဲမှုမပြုခဲ့ကြောင်း PAFD ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD
ပြင်ဆင်ထားသည့် ပါဆယ်မိုင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-PAFD

ထပ်မံစောင့်ဆိုင်းနေချိန် စစ်ကောင်စီတပ်ကသိရှိသွားပြီး မိုင်းရှင်းအင်ဂျင်နီယာများရောက်ရှိလာကာ ဖောက်ခွဲလိုက်သောကြောင့် တော်လှန်ရေးရဲဘော်များဆုတ်ခွာခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“တကယ်တမ်း ထိထိမိမိထိရမယ့်ဟာကို။ အဲဒီနားလေးတွေဆောင်ရွက်ရတာကလည်း တော်တော် ကိုအရဲစွန့်ပြီး လုပ်ရတာ။ မလွယ်ဘူး။ ပြည်သူတွေကမဆင်မခြင်သွားလာကြတဲ့အခါ ကျွန်တော်တို့က လုပ်ရကိုင်ရခက်တာပေါ့”ဟု PAFD ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နောက်နောင်တွင် စစ်ကောင်စီနောက်လိုက်များရှိရာနေရာများသို့ သွားလာခြင်းရှောင်ရှားကြပါရ န်ပြည်သူများအား မေတ္တာရပ်ခံထားသည်။

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU). People’s Knight Defense Force Myinmu (PKDF.MMU).မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ TAUNGTHA People Defense Force(TTAPDF).D.B.B.F.MMUမဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မြင်းမူမြို့ပေါ်တွင်ပါ ပစ်ခတ် သတ်ဖြတ်မှုများပြုလုပ်နေပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးသေဆုံးကာ နောက်ထပ် ပြည်သူနှစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Facebook

You May Also Like

သတင်း

နှစ်ဖက်ထိတွေ့မှုမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကရင်နီပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အလားတူ ယနေ့နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ကန်ပျူစောထီးစခန်းအား ဒရုန်းဖြင့် အီနာဂါ (၈)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြော သည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။