Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၅)နယ်မြေ၌ လဝက်အတွင်း တိုက်ပွဲ ၉၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၀နီးပါးသေဟု ထုတ်ပြန်

ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၈ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

ဖာပွန်(မူတြော်)ခရိုင်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU - Mutraw News
ဖာပွန်(မူတြော်)ခရိုင်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU - Mutraw News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၌ ဖေဖော်ဝါရီ လဝက်အတွင်း တိုက်ပွဲပေါင်း ၉၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၈ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

တပ်မဟာ(၅)ဘက်က တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့၍ ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ကျေးရွာများ၊ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များနှင့် စာသင်ကျောင်းများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ဗုံးအလုံး ၄၀ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်အပါအဝင် အဆောက်အဦး၂၆ လုံး ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။ ထို့ပြင် စပါးကျီ၊ စျေးဆိုင်၊ မော်တော်ကား၊ ဆိုင်ကယ် ၊ လယ်ထွန်စက်စသည့်ပြည်သူလူထုပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်သည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့ပတ်လည်ရှိ ခရိုင်တစ်ခုလုံးက ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆောင်းပါး

"ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ (စစ်သား၊ရဲ)လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့" — စ​နေ (ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ)

သတင်း

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

သတင်း

တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့တွင် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ၎င်းတို့ ချမှတ်ထားသည့် ညမထွက်ရ အမိန့်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။