ကိုဗစ် စတင်ဖြစ်ပွားချိန်ကစတင်ပြီး ၃ နှစ်နီးပါးကြာ ပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင်တံတားကို ဒီနေ့မနက်ပိုင်းက ပြန်ဖွင့်လိုက်ပါပြီ။
အဲဒီတံတားဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်အကြား ဆက်သွယ်ထားတာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးပြန်ဖွင့်ပေးတာတွေ့ရပါတယ်။
ဒီမတိုင်ခင် တံတား ပြန်ဖွင့်ဖို့ ပြင်ဆင်နေချိန်က တံတားစစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသွားသူတွေကို စစ်ဆေးရာမှာ X −ray စက်သုံးပြီး စစ်ဆေးဖို့ စစ်ကောင်စီထွေအုပ်က စီစဉ်ခဲ့ဖူးပါတယ်။
တံတားပြန်ဖွင့်ချိန်မှာ လူ လေးထောင်ကနေ ငါးထောင်ကြား နေ့စဉ်ဖြတ်သန်းသွားလာကြမှာလို့ စစ်ကောင်စီက ခန့်မှန်းထားပါတယ်။
