▪︎ရန်သူ၄၄ဦးသေဆုံးပြီးPDF ၂ဦးကျဆုံးခဲ့၊ စစ်ကောင်စီ၏လက်နက်ခဲယမ်းမျာလည်းသိမ်းဆည်းရရှိ
▪︎စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြေညာထားသော၆ ခုမြို့နယ်အပြင် မကြေညာသောမုံရွာ၊ ကန့်ဘလူ၊ ရွှေဘိုမြို့နယ်တို့လည်းပါဝင်
ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းးတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၉ မြို့နယ်ရှိ စစ်ရေးပစ်မှတ် ၁၆ ခုကို မဟာဗျုဟာကျ ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့ကြောင်း ယနေ့ထုတ်ပြန် ထုတ်ပြန်ကြေညာသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုနှင့် မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၄၄) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။ ရန်သူ့တပ်ထံမှ လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၈ နှင့် ၉ ရက်များတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်မှ (၂) ဦးကျဆုံးခဲ့ကာ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပုလဲမြို့နယ်တွင် စစ်ရေးပစ်မှတ် ၄ ခု၊ ကန့်ဘလူ၊ မုံရွာ တို့တွင် စစ်ရေးပစ်မှတ် ၃ ခုစီ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ယင်းမာပင်၊ မြောင်၊ ရွှေဘို မြို့နယ်များတွင် စစ်ရေးပစ်မှတ် ၁ ခုစီတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းမြို့နယ်များအနက် မြို့နယ် ၆ ခုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာထားသည့် မြို့နယ်များဖြစ်သည်။ စစ်အုပ်ချုပ်ရေးမကြေညာထားသောမြို့နယ်များထဲတွင်မုံရွာ၊ ကန့်ဘလူ၊ ရွှေဘို တို့မှာလည်းစစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တော်တော်ထိသွားတယ်။သူတို့( စစ်ကောင်စီတပ်)သွေးပျက်နေတယ်”ဟု မုံရွာမြို့ရှိ နမခကို ရှော့တိုက်ဒုံးဖြင့်အထိနာအောင်တိုက်ခိုက်ခဲ့သောစစ်ဆင်ရေးကို ဦးဆောင်ခဲ့သောမုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force )၏ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ ၏ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။
ယင်းတိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်တပ်ရင်းများ၊ ကောလင်းခရိုင် တပ်ရင်း များ၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ မုံရွာခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင် တပ်ရင်း များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)၊ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
တိုက်ခိုက်ခဲ့သောပစ်မှတ်များမှာကန့်ဘလူမြို့နယ်ရှိကိုးတောင်ဘို့အထိုင်စခန်း၊ စံပယ်နသာအထိုင် ရဲစခန်း၊ စိန်နားကျေးရွာပျုစောထီးအထိုင်စခန်း၊ ကောလင်းမြို့နယ်မှကောလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရန်သူ့တပ်များ ၊ တန့်ဆည်မြို့နယ်တွင် အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊ မုံရွာမြို့နယ်တွင် ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊ ဗောဓိတစ်ထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တို့ဖြစ်သည်။
ထို့အပြင်ခင်ဦးမြို့နယ်တွင်မဒေါင်းလှပျူစောထီးစခန်း၊ယင်းမာပင် မြို့နယ်တွင်ယင်းမာပင်ရဲစခန်း၊ပုလဲမြို့နယ်တွင်ပုလဲရဲစခန်း၊ အင်မထီးပျူစောထီးစခန်း၊ဇီးဖြူကုန်းပျူစောထီး စခန်း၊ ကန်ဒေါင့်ရဲစခန်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်ရဲစခန်း၊ ရွှေဘိုမြို့နယ်တွင်ပန်းလှိုင် ကျေးရွာ ပျူစောထီးအထိုင်စခန်းတို့ ဖြစ်ကြောင်း ထုတ်ပြန်သည်။
တန့်ဆည်ပကဖအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကအင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပုံကိုအောက်ပါအတိုင်းပြောသည်။
“အရင်တခါ ဆင်ငယ်သိမ်းသလိုပါပဲ။ အင်ကုက္ကားစခန်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အရင်ဦးဆုံး စပစ်တယ်။ တိုက်ပွဲကြာချိန် တစ်နာရီလောက်အကြာမှာ သိမ်းနိုင်ခဲ့တယ်။ တောင်ဘက်က သူတို့တပ်စွဲထားတဲ့စခန်းကို မီးရှိူ့ခဲ့တယ်။”
ရက်လေးဆယ်အတွင်း ပျူစောထီးစခန်းနှစ်ခုသိမ်းလိုက်နိုင်ပြီး ကျန်သည့် ပျူစခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း တန့်ဆည်ပကဖအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။
ကန့်ဘလူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း” စံပယ်နံသာရဲစခန်းကိုမဟာမိတ်တွေပေါင်းတိုက်တာ။သေချာပြင်ဆင်ပြီးမှ တိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖက်က သေတာ များတယ်”ဟုပြောသည်
စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်းPDFများကပြောသည်။
