အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း နယူးယောက်ရှိ မြန်မာမိသားစုများနှင့် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ ရက်)က တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့လည်း တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးခဲ့ကြသည်။


ဝန်ကြီးဒေါ်ဇင်မာအောင်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။
ဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးအပါအဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့ကာ အထူးဧည့်သည်တော်အဖြစ် လုံခြုံရေးအပြည့်ပေးခဲ့သည်။



မကြာသေးမီကလည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် လန်ဒန်မြို့၌ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့သည်။
