ကန့်ဘလူမြို့နယ်၊ စံပယ်နံသာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်စီးနင်းခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ဦးခန့်သေဆုံးခဲ့ပြီး PDFများ အထိအခိုက်ကြီးမားစွာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။
“စံပယ်နံသာရဲစခန်းကိုမဟာမိတ်တွေပေါင်းတိုက်တာ။သေချာပြင်ဆင်ပြီးမှ တိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖက်က သေတာ များတယ်။ ၂၀မကဘူးလို့သတင်းပြန်ရတယ်။ကျွန်တော်တို့ဘက်က ဒဏ်ရာရသူရှိတယ်။ အခြေအနေအရ ပြန်ဆုတ်ခဲ့တယ်”ဟု ကန့်ဘလူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦးမစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ကန့်ဘလူမြို့နယ်တွင် ဖေဖော်ဝါရီ ၉ရက်က စံပယ်နံသာရဲစခန်းအပြင် စစ်ကောင်စီခြေကုပ်ယူထားသော နေရာသုံးနေရာကို PDF များကတစ်ချိန်တည်းတိုက်ခိုက်ခဲ့သည်။ ကျန်နှစ်နေရာနှင့်ပတ်သက်၍ မကြာခင်သတင်းထုတ်ပြန်မည်ဟု ကန့်ဘလူမြို့နယ် ပြီးသည့်အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများကို PDF များကယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)မနက် ၁ နာရီခန့်က စတင်တိုက်ခိုက်ခဲပြီး ရွာကိုသိမ်းနိုင်ခဲ့သည်။သေနေသော စစ်သားများထံမှ သေနတ် ၂ လက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကူတွေ ရောက်လာသဖြင့် PDF များ ပြန်ဆုတ်ခွာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
