ကချင်ပြည်နယ် ကာမိုင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ကာမိုင်းမြို့ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဖြစ်သော(၄၅)နှစ်အရွယ် ဦးမဲလုံးဆိုသူသည် ယနေ့ (ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၁နာရီခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။
“ကာမိုင်း – လဝါးလမ်းဆုံဂိတ်ဟောင်းမှာ အပစ်ခံရတာ။ သူက အဲ့ဒီဂိတ်မှာ ပိုက်ဆံတောင်းနေတာ။ အရင်ကတော့ ပြည်သူ့စစ်။ နောက်တော့ သူအထုတ်ခံရတယ်။ ဒါပေမယ့် စကစနဲ့တော့ သူကအမြဲတတွဲတွဲနေတတ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းအားအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်သတ်သွားခြင်းကြောင်း ဒေသခံများက ပြောပြီး အခြားမှတ်ချက်မပေးပေ။
