မန္တလေး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူး ၂ဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၆၆ နှစ်အရွယ် ရာအိမ်မှူး ဦးခင်မောင်ငြိမ်း နဲ့ အသက် ၆၉ နှစ်အရွယ် ရာအိမ်မှူး ဦးသာဌေးတို့ဖြစ်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဦးသာဌေးဟာ မနေ့ ဖေဖော်ဝါရီလ ၄ ရက်မနက် ၁၀ နာရီခွဲ ခန့်က နေအိမ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဦးခင်မောင်ငြိမ်းကတော့ ဇန်နဝါရီလ ၂၇ ရက် ညနေ ၆ နာရီခွဲမှာ နေအိမ်မှာ ရှိနေချိန်ပစ်ခတ်ခံရတာပါ။
သင်ပန်းကုန်းရပ်ကွက်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ရှာဖွေတာကို မကြာခဏ ခံရတဲ့ရပ်ကွက်ဖြစ်ပြီး ကျုးကျော်ဆိုပြီး နေအိမ်တွေဖယ်ရှားခံရတာကိုလည်းကြုံထားရပါတယ်။
ဒေသခံအချို့ဆီရဲ့ပြောပြချက်အရ လက်ရှိ သင်ပန်းကုန်းရပ်ကွက်ရဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။
