ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပြီး ထွေအုပ်စာရေးဝန်ထမ်း နှစ်ဦးသေဆုံးသွားသည်။
ကာမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့(နိုဝင်ဘာလ ၂၄ရက်)နေ့လယ် ၁၂နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရုံးထဲမှာ မိုင်းကွဲတာ။ တစ်ဦးက ပွဲချင်းပြီး။ တစ်ဦးက ဒီညနေ မြစ်ကြီးနားဆေးရုံမှာ သေတယ်”ဟု ကချင်ပြည်နယ်ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ ထွေအုပ်စာရေး ခွန်နော်ထူးနှင့် မိုးကျော်သန်းတို့ ဖြစ်သည်။
ဖားကန့်တွင် ယမန်နေ့ ညနေကလည်း စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်းသေဆုံးပြီးနောက် ယနေ့ညပိုင်းတွင်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
