စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊အင်းတော်မြို့တွင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီ ၂၉ရက် နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။
ဖမ်းဆီးခံရသူမှာအသက် (၂၅)နှစ်အရွယ် မနွေနွေကိုဆိုသူ ဖြစ်ပြီး အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့အသွားတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
မနွေနွေကိုအား စစ်ကောင်စီတပ်များက အင်းတော်စစ်တပ်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရသေး၍ စိုးရိမ်နေရကြောင်းမိသားစုထံမှ သိရသည်ဟု ဖော်ပြသည်။
မနွေနွေကိုသည် PDFသင်တန်းတက်ဖူးသူဖြစ် သော်လည်း ယခုအချိန်တွင် အလှပြင်သည့်အလုပ်ကိုသာ လုပ်ကိုင်နေသူဖြစ်သည်ဟု ဖော်ပြ သည်။
ပြီးခဲ့သည့် လအတွင်းကလည်း အင်းတော်ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။ NUG စာသင် ကျောင်းများကို စာအုပ်နှင့် စာရေးကိရိယာများ လှူသည်ဟုဆိုကာ စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဆိုင်ရှိ ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ဒေသခံက ပြောသည်။ ထို့ပြင် PDFနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများလည်းရှိသည်။
