မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့မ ရပ်ကွက်ရှိ ဆွမ်းလောင်းအသင်း ဓမ္မာရုံရှေ့ အလှူခံမဏ္ဍပ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ စုဝေးနေချိန် ပစ်ခတ်ခံရလို့ ရာအိမ်မှူးတစ်ဦးသေဆုံးပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဒဏ်ရာ ရသွားပါတယ်။
ဒီဖြစ်ရပ်ဟာမနေ့က မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာဖြစ်ပွားတာဖြစ်ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် စဉ့်ကိုင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ကျော်လင်း ဒဏ်ရာရပြီး ရာအိမ်မှူး ဦးအုံးကြိုင်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ချက်မှာတွေ့ရပါတယ်။
ဒဏ်ရာရတဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ဆေးရုံတက်ကုသနေရတယ်လို့ သိရပါတယ်။
