Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံခရိုင်တွင်စစ်ကောင်စီယာဉ်တန်းကိုHRS နှင့် KNLAပူးပေါင်းတိုက်ခိုက်

HRS သည် KNU /KNLA သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်ပြီး ၊KNLA နှင့်ပူး​ပေါင်း၍ စစ်ဆင်​ရေးများပြုလုပ်​နေ​သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

(HRS တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HRS)
(HRS တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HRS)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တပ်မဟာ(၁) နယ်မြေ ဘီးလင်းနှင့် သထုံကြား၌ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခဲ့ရာ စစ်ကောင်စီယာဉ် ထိခိုက်ပျက်စီးကာ ငါးဦးထက်မနည်း သေဆုံးခဲ့ကာဒဏ်ရာရသူများလည်းရှိကြောင်း Hawk Revolution Squad-HRS တာ၀န်ရှိသူတစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၄ ရက်က စစ်ကောင်စီကားရှစ်စီး မောင်းနှင်လာချိန်တွင် သထုံမြို့နယ် ကမာစိုင်ရွာသစ်အနီးမှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို HRS နှင့် KNLAတပ်ရင်း(၂)၊တပ်ခွဲ(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“ကားရှစ်စီးလာတာကို စောင့်ပြီး နောက်ဆုံးက သုံးစီးကို မိုင်းဆွဲခဲ့တာပါ။ ဒီကောင်တွေဘက်က ပြန်ပစ်တယ်။ နာရီဝက်လောက်အပြန်အလှန် ပစ်ကြတယ်” ဟုအထက်ပါတာ၀န်ရှိသူတစ်ဦးကပြောသည်။

KNLA တပ်မဟာ(၁) တပ်မှူးတစ်ဦးကလည်း “၄ရက်နေ့မှာဖြစ်တယ်လို့ ပြောတယ်။ အဲဒီမှာ ဖြစ်တာက စစ်ကား ကို သူတို့ ကားမိုင်းလည်း ဖောက်တယ် သေနတ်နဲ့လည်း ပစ်တယ် နောက် ဖိုတီး (၄၀ မမ) တွေနဲ့လည်း ပစ်တယ်ဆိုတဲ့ သတင်းကြားတယ်” ဟု ပြောသည်။ ထိခိုက်သေဆုံး အခြေအနေ သတင်းမရသေးဟု ၎င်းကဆက်​ပြောသည်။

HRS၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များ၊ 40mm ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကား ၁စီးပျက်စီးပြီး စစ်ကောင်စီတပ်မှ ၅ဦးသေ၊ ၅ဦး ဒဏ်ရာပြင်းထန်သည်ဟုHRS ကထုတ်ပြန်သည်။

ပျက်စီးသွားသောကားအား စစ်ကောင်စီတပ်က ညချင်းတွင်းလာသယ်ယူသွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဘက်မှအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုအသိပေးထားသည်။

HRS သည် KNU /KNLA သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်ပြီး ၊KNLA နှင့်ပူး​ပေါင်း၍ စစ်ဆင်​ရေးများပြုလုပ်​နေ​သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။

သတင်း

ဒီဖြစ်ရပ်ဟာမနေ့က မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာဖြစ်ပွားတာဖြစ်ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က ထပ်မံသတိပေးသည်။

သတင်း

ကလေးဝမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အောက်တွင် ဖွဲ့စည်းထားသည်။