မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ထပ်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။
အိုးဘိုထောင်တွင်း စစ်ကောင်စီဖွင့်ထားတဲ့ တရားရုံးက နိုင်ငံဘဏ္ဍာ အလွဲသုံးမှု ပုဒ်မ ၄၀၉ နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့အတူ. မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ထောင်ဒဏ် ၂ နှစ်စီချလိုက်တာပါတယ်။
အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။
အဲဒီထောင်ဒဏ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ စေ့ပေမယ့် ပြန်မလွှတ်ဘဲ သူတို့ ၂ဦးကို စည်ပင်တာဝန်ယူချိန်က နိုင်ငံဘဏ္ဍာ အလွဲသုံးတယ်ဆိုပြီးစွပ်စွဲကာ စစ်ကောင်စီက ပုဒ်မတိုးပြီး ဆက်လက်ဖမ်းဆီးခဲ့တာပါ။
