စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ပုသိမ် -မုံရွာလမ်းအပါအဝင် လမ်းပိုင်း လေးခုအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးကြေညာသည်။
ယနေ့ (ဖေဖော်ဝါရီ၃ ရက်)တွင် ဆားလင်းကြီးမြို့ပေါ်ရောက်ရှိနေသော အင်အား ၂၀ဝခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် လမ်းသွားလမ်းလာများအား ရမ်းသမ်းပစ်ခတ်ခြင်း ၊ပစ္စည်းများလုယက်ခြင်းများ လုပ်ဆောင်နေကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။
ထို့ကြောင့် ပုသိမ်-မုံရွာလမ်း၊ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်း၊ ဆားလင်းကြီး-ကျားတက် လမ်း၊ ဆားလင်းကြီး-ပေါင်းဝလမ်းများအား ယနေ့မွန်းလွဲ ၂ နာရီမှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း၊ ပြန်လည်အသုံးပြုနိုင်မည့်အချိန်အား ကြေညာပေးမည်ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဆားလင်းကြီးမြို့နယ်တွင် မြန်မာဝမ်ပေါင်လုပ်ငန်းရှိ စစ်ကောင်စီတပ်က အနီးတဝိုက်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။
