မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာအလွဲသုံးမှုနဲ့ စွပ်စွဲထားတဲ့အမှုအတွက်စစ်ကောင်စီက အမိန့်ချမယ့်ရက်ကို လာမယ့် ဖေဖော်ဝါရီလ ၃ ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးထံကသိရပါတယ်။
ကနဦးက အဲဒီအမှုအတွက်ဒီနေ့မှာ မြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ အမိန့်ချဖို့စစ်ကောင်စီက ချိန်းဆိုထားတာပါ။
အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးလို့ ရက်ရွှေ့လိုက်တာကိုကြားသိရတယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပြပါတယ်။
မြို့တော်ဝန် ဒေါက်တာ ရဲလွင်နဲ့ စည်ပင်ကော်မတီ ဦးကျော်ဇေယျတို့ ကို အာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်စီချထားတာပါ။
အဲဒီထောင်ဒဏ်ဟာ ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာလအတွင်း ပြစ်ဒဏ်စေ့ပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ဘဲ နိုင်ငံဘဏ္ဍာအလွဲသုံးမှု ပုဒ်မတပ်ကာ ဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။
