အထူးစစ်ရေးဗျူဟာနှင့် အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့ ထုတ်ပြန်သည်။
ကယား ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၏ အပတ်စဉ် (D) အထူးမွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၃ ရက်က သင်တန်းဆင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အပတ်စဉ် (D) မွမ်းမံသင်တန်း၏ ရည်ရွယ်ချက်မှာ ရဲဘော်များ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန်၊စစ်ဗျုဟာ ကျကျတိုက်ပွဲဝင်ရန်နှင့် စည်းလုံးညီညွတ်မူရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဟု KRUက ဆိုသည်။
“သင်တန်းသားရဲဘော် တစ်ရာလောက်ရှိတယ်။အရင်နှစ်တုန်းကလည်း အခုလို မွမ်းမံသင်တန်းမျိုးပြုလုပ်ခဲ့တာရှိပေမယ့် အခုအခြေအနေအရ စစ်ရေးဗျူဟာက ပိုအရေးကြီးလာလို့လည်း သေသေချာချာပြင်ဆင်နေတယ်”ဟု KRUတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။


ဒီးမော့ဆိုမြို့ကိုအခြေပြု၍ စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေသည့် KRUကို ၂၀၂၂ ဧပြီက စတင်ဖွဲ့စည်းခဲ့ပြီး KDF ၊ JPDF ၊ GZ-21 loikaw ၊ Medic unit နှင့် SSPDF စသည့်အဖွဲ့များ ပါဝင်သည်။
စစ်အာဏာရှင်စနစ်အား ပိုမိုထိရောက်သောလုပ်ဆောင်ချက်များဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း KRUက ကြေညာသည်။
